Connect with us

Asia

ဂျပန် စီးပွားရေး မြှင့်တင်ရန် ထပ်တိုး ဘတ်ဂျက် ဒေါ်လာ ၄၀ ဘီလီယံ လွှတ်တော် အတည်ပြု

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တင်ပြထားသည့် ယန်း ၂၈ ထရီလီယံ ကမ်းလှမ်းချက်အား ဖြည့်တင်းရာတွင် အသုံးပြုရန် အများဆုံး သုံးစွဲမည့် ထပ်တိုးဘတ်ဂျက် ယန်း ၄.၁၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံ) အား လွှတ်တော်က ခွင့်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါ ထပ်တိုး ဘတ်ဂျက်ထဲမှ ယန်း ၇၁၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၆.၈၄ ဘီလီယံ) အား ကလေးသူငယ် ပြုစုပျိုးထောင်ရေး အပါအဝင် လူမှုဝန်ထမ်း လုပ်ငန်းများ တိုးတက်ရန် အသုံးပြုမည် ဖြစ်ကြောင်း၊ အခြား ယန်း ၁.၄၁ ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၃.၅၉ ဘီလီယံ) ကို အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

ယန်း ၄၃၀ ဘီလီယံ (အမေရိကန် ဒေါ်လာ ၄.၁၄ ဘီလီယံ) ကို စီးပွားရေး ပြန်လည် ကောင်းမွန်လာစေရန်အတွက် အသေးစားနှင့် အလတ်စား ကုမ္ပဏီများအတွက် သုံးစွဲရန် သတ်မှတ်ထားပြီး ယန်း ၁.၄၄ ထရီလီယံ (အမေရိကန် ဒေါ်လာ ၁၃.၈၈ ဘီလီယံ) ကို သဘာဝဘေး လျော့ပါးရေးနှင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းနှင့် အရှေ့မြောက်ပိုင်းရှိ ငလျင် ဒဏ်သင့် ဒေသများ ပြန်လည်တည်ဆောက်ရေးများ အတွက် အသုံးပြုသွားမည် ဖြစ်သည်။

အဆိုပါ ထပ်တိုး ဘတ်ဂျက်နှင့်အတူ ဂျပန် အစိုးရအနေဖြင့် လက်ရှိ ဘဏ္ဍာနှစ်အတွက် စုစုပေါင်း ယန်း ၁၀၀.၀၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၉၆၃.၇၀ ဘီလီယံ) သုံးစွဲသွားမည် ဖြစ်ပြီး ၎င်းထပ်တိုးဘတ်ဂျက်က ကမ္ဘာ့စီးပွားရေး နှေးကွေးခြင်းနှင့် ဥရောပသမဂ္ဂမှ ဗြိတိန် ထွက်ခွာခြင်း စသည့် ကိစ္စရပ်များကြောင့် ဂျပန်နိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေအား ယိုင်လုလု ဖြစ်နေသည့်ကြားမှ တိုးတက်မှုနှုန်းမြင့်လာရန် ရည်ရွယ်သည်။

ကမ္ဘာ့ စက်မှုလုပ်ငန်းတွင် ထိပ်ဆုံး၌ ရပ်တည်နေသော ဂျပန် အစိုးရသည် ကြွေးမြီများပိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.