Connect with us

Asia

ထိုင်းဘုရင်၏ ကျန်းမာရေးအခြေအနေအတွက် ပြည်သူများ ဆုတောင်းနေ


ဘန်ကောက် ၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံဘုရင်မင်းမြတ်၏ ကျန်းမာရေးအခြေအနေမှာ နောက်ဆုံးအဆင့်သို့ရောက်ရှိနေပြီး သီရိရာဇ(Siriraj)ဆေးရုံကြီးပေါ် တွင် အထူးဆေးကုသမှုခံယူနေရာ ထိုင်းပြည်သူထောင်ပေါင်းများစွာက ဘုရင်ကြီးအတွက် ဆေးရုံပြင်ပ၌ ဆုတောင်းမေတ္တာပို့သနေကြကြောင်း သိရသည်။

ထိုင်းဘုရင် ဘူမီဘောအဒူလျာဒတ် ၏ ကျန်းမာရေးအခြေအနေပြန်လည်ကောင်းမွန်လာရေးအတွက် ထိုင်းပြည်သူများ သီရိရာဇဆေးရုံပြင်ပ၌ ဆုတောင်းနေကြစဉ်(ဆင်ဟွာ)

အသက် ၈၈ နှစ်အရွယ်ရှိ သက်တော်ရှည် ထိုင်းဘုရင်မင်းမြတ် ဘူမီဘော၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ နောက်ဆုံး အဆင့်သို့ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရသည်။(Xinhua)