Connect with us

Asia

တရုတ်၊ ကာဇက်စတန် နှစ်နိုင်ငံ သမ္မတ တွေ့ဆုံ ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ဝဲ) နှင့် ကာဇက်စတန်နိုင်ငံ သမ္မတ Nursultan Nazarbayev (ယာ) တို့အား ဇွန်လ ၈ ရက်က နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်အပြီး လက်ဆွဲ နှုတ်ဆက်နေကြစဉ် (ဆင်ဟွာ)

အက်စ်တာနာ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် မိတ်ဆွေဟောင်းလည်းဖြစ်ပြီး ကာဇက်စတန်နိုင်ငံ သမ္မတလည်း ဖြစ်သူ Nursultan Nazarbayev တို့သည် ခေတ်သစ် ပိုးလမ်းမကြီး ဖော်ဆောင်မှုနှင့် ကာဇက်စတန်၏ စီးပွားရေး ပေါ်လစီသစ် ဖြစ်သော “Nurly Zhol” သို့မဟုတ် “Bright Path” တို့အကြား အထူးသဖြင့် စုပေါင်း ညှိနှိုင်း ဆောင်ရွက်မှု အကျိုးရလဒ် ရှာဖွေခြင်း အပါအဝင် နယ်ပယ်အားလုံးတွင် အနာဂတ် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခုလို တွေ့ဆုံမှုသည် ခေါင်းဆောင်နှစ်ဦးအကြား ၂၀၁၂ ခုနှစ်မှစ၍ ၁၆ ကြိမ်မြောက် တွေ့ဆုံခြင်း ဖြစ်သည်။

တရုတ်နိုင်ငံသည် ကာဇက်စတန်၏ နိုင်ငံတကာ ထောက်ပံ့သယ်ပို့ရေး စြင်္က ံ တည်ထောင် မဟာဗျူဟာ နှင့်အတူ ဥရောပ၊ အာရှဒေသ ကုန်းတွင်းတံတားသစ် တည်ဆောက်ရေးနှင့် တရုတ်-အလယ်ပိုင်းနှင့် အနောက်ပိုင်း အာရှ စီးပွားရေး စြင်္က ံ တည်ဆောက်ရေး လုပ်ငန်းတွင် ပူးပေါင်း လုပ်ဆောင်ရန် နှစ်နိုင်ငံ အလေးထားကြောင်း သိရသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ပူးတွဲ ကြေညာချက်အရ တရုတ်နှင့် ကာဇက်စတန်တို့သည် တရုတ်မှ ကာဇက်စတန်ကို ဖြတ်၍ အာရှ၊ ဥရောပနှင့် ပင်လယ်ကွေ့ နိုင်ငံများသို့ စတင် ဆက်သွယ်နိုင်ရေး၊ နိုင်ငံတကာ ကုန်စည်တင် ရထား ဝန်ဆောင်မှုများ ပိုမို ဖွံ့ဖြိုးတိုးတက်ရေး၊ ၂၀၂၅ ခုနှစ် နောက်ဆုံးထား၍ အာရှ နှင့် ဥရောပ ဒေသအကြား ထောက်ပံ့သယ်ပို့ ကုန်ကျစရိတ် အနည်းငယ်ဖြင့် ထိရောက်မှုရှိသော ကုန်စည် သယ်ယူပို့ဆောင်ရေးအတွက် အဓိက ဖြေရှင်းမည့် ကုန်တင် ရထားလမ်းများ ဖောက်လုပ်ရေး စသည်တို့ သဘောတူခဲ့ကြောင်း သိရသည်။

ယခုလို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စီမံကိန်းသည် ခေတ်သစ် ပိုးလမ်းမကြီး ပူးပေါင်း ဆောင်ရွက်မှု၏ စံပြ တစ်ခု အဖြစ် နှစ်နိုင်ငံ ခေါင်းဆောင်များက ချီးကျူး ဂုဏ်ပြုလိုက်သလို လမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများ၏ စီးပွားရေးနှင့် ပြည်သူများအတွက် အကျိုးကျေးဇူး ရှိလာမည်ဟု ဆိုသည်။

သမ္မတ ရှီသည် အက်စ်တာနာတွင် ရှိနေစဉ်အတွင်း ဇွန်လ ၈ ရက်က အာဖဂန် သမ္မတ Ashraf Ghani Ahmadzai ၊ ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် တို့နှင့် တွေ့ဆုံကာ ခေတ်သစ် ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကတိပြုခဲ့ကြောင်း သိရသည်။

ယနေ့ ဇွန်လ ၉ ရက်တွင်မူ သမ္မတ ရှီသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း နှစ်ပတ်လည် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သလို ၂၀၁၇ ခုနှစ် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.