Connect with us

Asia

သီရိလင်္ကာ ရေဘေးအတွက် အမေရိကန် ဒေါ်လာ တစ်သိန်း ကမ္ဘောဒီးယား လှူဒါန်း

သီရိလင်္ကာနိုင်ငံ ရေဘေး ဒုက္ခသည်များအား တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ အစားအသောက်များ ဝေငှပေးနေစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ ဇွန် ၉ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ရေဘေးအတွက် ကမ္ဘောဒီးယားနိုင်ငံမှ အမေရိကန် ဒေါ်လာ တစ်သိန်း ပေးလှူခဲ့ကြောင်း သိရသည်။

သီရိလင်္ကာ ရေဘေးတွင် ထိခိုက်နစ်နာခဲ့ရသူများ၏ မိသားစုများအတွက် ကြေကွဲဝမ်းနည်းရကြောင်းနှင့် ၎င်းတို့အတွက် အရေးပေါ် သုံးစွဲရန်အတွက် ယခုလို လှူဒါန်းရခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် Samdech Techo Hun Sen က သီရိလင်္ကာ ဝန်ကြီးချုပ် Ranil Wickremesinghe ထံ ပေးပို့သော သတင်းစကား၌ ဖော်ပြထားသည်။

“ကမ္ဘောဒီးယား တော်ဝင်အစိုးရနှင့် ပြည်သူများ ကိုယ်စား သီရိလင်္ကာနိုင်ငံ သမ္မတနှင့် ပြည်သူများထံ ကျွနု်ပ်တို့၏ အလွန် ကြေကွဲဝမ်းနည်းမှုအား ဖော်ပြလိုက်ပါကြောင်း ၊ အထူးသဖြင့် ကြီးမားသော ဆုံးရှုံးမှု ခံစားခဲ့ရတဲ့ မိသားစုဝင်များအတွက် ဝမ်းနည်းရပါကြောင်း” ကမ္ဘောဒီးယား ဝန်ကြီးချုပ် Samdech Techo Hun Sen က ပြောခဲ့သည်။

မေလ ၂၆ ရက်ကတည်းက ရွာသွန်းခဲ့သည့် မိုးကြောင့် သီရိလင်္ကာနိုင်ငံ အနောက်ပိုင်းနှင့် အလယ်ပိုင်း ပြည်နယ်များရှိ ခရိုင်များစွာ၌ ရေလွှမ်းမိုးမှုများ၊ မြေပြိုမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၁၁ ဦး သေဆုံးခဲ့ကာ လူပေါင်းများစွာ ပျောက်ဆုံးနေဆဲ ဖြစ်သလို ပြည်သူ ငါးသိန်းနီးပါး ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.