Connect with us

Asia

ထိုင်းနိုင်ငံတောင်ပိုင်းရှိ စာသင်ကျောင်း တိုက်ခိုက်ခံရမှုတွင် လူ ၄ ဦးသေဆုံး

ထိုင်းနိုင်ငံတွင် မှုခင်းဖြစ်ပွားသည့်နေရာအား လုံခြုံရေးစည်းတားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံတောင်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ဇန်နဝါရီလ ၁၀ ရက်က ရိန်းဂျားတပ်ဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ထားသော စစ်သွေးကြွများ ပစ်ခတ်မှုကြောင့် စေတနာ့ဝန်ထမ်း ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

သေဆုံးသူ လေးဦးမှာ အသက် ၃၀ နှစ် ခန့်ဖြစ်ကြပြီး ပတ်တာနီပြည်နယ်ရှိ စာသင်ကျောင်းတွင် သေနတ်သမားများ တိုက်ခိုက်ချိန်တွင် စောင့်ရှောက်ခဲ့ကြသူများဖြစ်သည်။ သေနတ်ဖြင့် တိုက်ခိုက်ခြင်းမပြုမီ စစ်ဝတ်စုံများ ဝတ်ဆင်ထားပြီး ရိန်းဂျားတပ်ဖွဲ့ဝင်များအဖြစ် ဟန်ဆောင်ထားသော တိုက်ခိုက်ရေးသမားများက ကျောင်းသို့ လာရောက်လည်ပတ်နေခြင်းဖြစ်သည်။

အစည်းအဝေး ကျင်းပနေချိန်တွင် သေနတ်ပစ်ခတ်မှုများ ကြားခဲ့ပြီး ဆရာများ သို့မဟုတ် ကျောင်းသားများမှာမူ ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း မျက်မြင်သက်သေများ အဆိုအရ သိရသည်။ပတ်တာနီပြည်နယ်တွင် ယခုဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုမှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ထို တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်နေရာနှင့် မလှမ်းမကမ်းတွင် လွန်ခဲ့သည့် နှစ်ရက်က အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး စာသင်ကျောင်းသို့သွားစဉ် ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည်။ပတ်တာနီ၊ ယာလာနှင့် နာရတ်သီဝက် စသည့် ပြည်နယ်သုံးခုတွင် စစ်သွေးကြွအဖွဲ့အမျိုးမျိုးမှ သေနတ်ပစ်ခတ်မှုများနှင့် ဗုံးခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ တိုက်ခိုက်မှုများကြောင့် ၂၀၀၄ ခုနှစ်ကစ၍ သေဆုံးသူ ၇၀၀၀ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117