Connect with us

Asia

တောင်ကိုရီးယားသမ္မတ(ဟောင်း)၏ အကြံပေးအား အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်

တောင်ကိုရီးယားနိုင်ငံသမ္မတ(ဟောင်း) အကြံပေး Choi Soon-sil အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ဇွန် ၂၃ ရက်(ဆင်ဟွာ)

စွပ်စွဲပြစ်တင်မှုဖြင့် ရာထူးမှ ဖယ်ရှားခြင်း ခံလိုက်ရသော တောင်ကိုရီးယားနိုင်ငံသမ္မတ(ဟောင်း) ပက်ဂွမ်ဟေး၏ အနီးကပ် အကြံပေးဖြစ်သူ Choi Soon-sil အား ၎င်း၏သမီးပါဝင်ပတ်သက်နေသည့် အကျင့်ပျက်ခြစားမှုတစ်ခုဖြင့် ယနေ့ဇွန်လ ၂၃ ရက်တွင် ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ဆိုးလ်မြို့ဗဟိုခရိုင်တရားရုံးက အသက် ၆၁ နှစ်အရွယ်ရှိ Choi အား ၎င်း၏သမီးဖြစ်သူကို နာမည်ကြီးကောလိပ် ကျောင်းတစ်ခုသို့ဝင်ခွင့်ရအောင် ဆောင်ရွက်ပေးခြင်း နှင့် ကြိုးပမ်းအားထုတ်မှုမရှိဘဲ အဆင့်ကောင်းကောင်းရအောင် လုပ်ဆောင်ပေးမှုတို့ဖြင့် ထောင်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

၎င်းပြစ်ဒဏ်သည် Choi နှင့် ရာထူးမှ ဖယ်ရှားခြင်းခံထားရသော သမ္မတ(ဟောင်း) ပတ် တို့အပေါ် စွပ်စွဲထားသော ပြစ်ချက်ပေါင်းများစွာထဲမှ ပထမဆုံး စီရင်ချက် ချမှတ်ခဲ့သော အမှုတစ်ခုဖြစ်ပြီး အခြား အမှုပေါင်းများစွာမှာ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆိုးလ်မြို့Ewha Womans တက္ကသိုလ်အကြီးအကဲ(ဟောင်း) အပါအဝင် ကောလိပ်ကျောင်းမှ အရာရှိသုံးဦးတို့ကို ထောင်ဒဏ် တစ်နှစ်ခွဲ ၊ နှစ်နှစ် စသည့်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ်များအသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

Choi သည် သမ္မတပက် အပေါ် ဦးတည်စွပ်စွဲထားသည့် အကျင့်ပျက်ခြစားမှု၌ ဗဟိုချက်တွင် ပါဝင်နေသူတစ်ဦးဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံအစိုးရ ရှေ့နေများက Choi နှင့် ပက်တို့အား ရာဇဝတ်မှုပူးပေါင်းကြံစည်သူများအဖြစ် သတ်မှတ်ထားသည်။

ဆယ်စုနှစ်ကျော်ကြာ အတူတကွလက်တွဲခဲ့သည့် ယခင်ကွန်ဆာဗေးတစ် သမ္မတ(ဟောင်း) နှင့် Choi တို့နှစ်ဦးသည် စီးပွားရေးလုပ်ငန်းရှင်များထံမှ လာဘ်ငွေအမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရယူထားမှု နှင့် လွှဲပြောင်းခြင်းဆိုင်ရာ စီမံခန့်ခွဲမှုကို အားပေးကူညီမှု များဖြင့် စွပ်စွဲခံထားရသည်။

Choi သည် အစိုးရလုပ်ငန်းများတွင် နောက်ကွယ်မှ ပါဝင်စွက်ဖက်မှုများဖြင့်လည်း တရားစွဲဆိုခံထားရပြီး တောင်ကိုရီးယားသမ္မတပက်ဂွမ်ဟေး နုတ်ထွက်ရေးအတွက် ကိုရီးယားပြည်သူများ လပေါင်းများစွာ ဖယောင်းတိုင်ထွန်းလမ်းပေါ်ထွက် ဆန္ဒပြမှုကို ကိုင်တွယ်ရာ၌ လည်း တာဝန်ရှိသူတစ်ဦးအဖြစ် စွပ်စွဲခံထားရကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.