Connect with us

Asia

အိန္ဒိယ ငါးဖမ်းသမား လေးဦး သီရိလင်္ကာ မြောက်ပိုင်းတွင် အဖမ်းခံရ

အိန္ဒိယ ငါးဖမ်းလုပ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလမ်ဘို၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ အနောက်မြောက်ဘက် Delft ကျွန်း ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် အိန္ဒိယ ငါးဖမ်းသမား လေးဦးအား ဖမ်းဆီးခဲ့ကြောင်း သီရိလင်္ကာ ရေတပ်က ဇွန်လ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ငါးဖမ်းသမားများသည် ဇွန်လ ၁၉ ရက် ညက သီရိလင်္ကာ ရေတပ် စစ်သင်္ဘောငယ် တစ်စင်းနှင့် တိုက်မိပြီးနောက် သီရိလင်္ကာ ရေတပ်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရေတပ် ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူးကြီး Chaminda Walakuluge က ဆင်ဟွာသို့ ပြောသည်။

ဖမ်းဆီးခံ အိန္ဒိယ ငါးဖမ်းသမားများ ပိုင်သည့် စတီးလ် ကိုယ်ထည်ရှိသော သင်္ဘောလည်း ထိန်းသိမ်းခြင်း ခံခဲ့ရသည်။

ငါးဖမ်းသမားများ၊ သင်္ဘောနှင့် ငါးဖမ်း ကိရိယာများအားလုံးကို Kareitivu ရှိ ရေတပ် အခြေစိုက် SLNS Elara ထံ ပို့ဆောင်ခဲ့ပြီး ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်ရန် Jaffna မြို့ရှိ ငါးဖမ်းလုပ်ငန်း လက်ထောက် ညွှန်ကြားရေးမှူးထံ လွှဲပြောင်း ပေးခဲ့ကြောင်း ရေတပ် မီဒီယာဋ္ဌာနက သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက မေလအတွင်း သီရိလင်္ကာသို့ လာရောက်ခဲ့ပြီးနောက် ချစ်ကြည်ရင်းနှီးမှုကို ပြသသည့် အနေဖြင့် ၎င်းတို့ နိုင်ငံက ဖမ်းဆီးထားသည့် ငါးဖမ်းလှေ ၁၄၃ စင်းအနက် လက်ရှိတွင် ငါးဖမ်းလှေ ၄၂ စင်းကို လွှတ်ပေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း အိန္ဒိယ ငါးဖမ်းသမားများအနေဖြင့် သီရိလင်္ကာနိုင်ငံ ရေပိုင်နက်အတွင်းသို့ ကျူးကျော် ဝင်ရောက်ပြီး တရားမဝင် ငါးဖမ်းသူများအား လည်းကောင်း၊ ၎င်းတို့၏ လှေများအားလည်းကောင်း ဆက်လက် ဖမ်းဆီး ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သတိပေးထားသည်။

သီရိလင်္ကာနှင့် အိန္ဒိယ ငါးဖမ်းသမားတို့သည် တစ်နိုင်ငံ၏ ရေပိုင်နက်အတွင်း တစ်နိုင်ငံက တရားမဝင် ဝင်ရောက်မှုများနှင့် ရင်ဆိုင်နေရပြီး ငါးဖမ်းလုပ်ငန်းဆိုင်ရာ အငြင်းပွားမှုအတွက် အဖြေ တစ်ခုကို ရှာဖွေနေဆဲ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.