Connect with us

Asia

တောင်ကိုးရီးယား၌ ချာဘ တိုင်ဖွန်းမုန်တိုင်းကြောင့် ၅ ဦးသေ ၊ ၅ ဦးပျောက်ဆုံးနေ

တောင်ကိုးရီးယားနိုင်ငံ၌ တိုက်ဖွန်းမုန်တိုင်း တိုက်ခတ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊အောက်တိုဘာ၆ ရက်(ဆင်ဟွာ)

တောင်ကိုးရီးယားနိုင်ငံ၌ ချာဘ(Chaba) တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် အနည်းဆုံးလူ ၅ ဦးသေဆုံးပြီး ၅ ဦးပျောက်ဆုံးလျက် ရှိကြောင်း ကိုးရီးယားနိုင်ငံပြည်သူ့ကယ်ဆယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက်က ပြောကြားသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် နိုင်ငံ၏ တောင်ပိုင်း နှင့် တောင်ပိုင်း Jeju ကျွန်းစုကို ဝင်ရောက်တိုက်ခတ်လျက်ရှိရာ အောက်တိုဘာ ၆ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီထိ ရေတွက်မှုအပြီးတွင် သေဆုံးသူ ၅ ဦး နှင့် ပျောက်ဆုံးသူ ၅ ဦးရှိနေကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ၎င်းမုန်တိုင်းသည် အောက်တိုဘာလ ၅ ရက် ညပိုင်းက ဂျပန်နိုင်ငံဖက်သို့ဦးတည်ရွေ့ရှားလျက်ရှိကြောင်း သိရသည်။

မုန်တိုင်းဒဏ်ကြောင့် တောင်ကိုးရီးယားနိုင်ငံ တောင်ပိုင်း ဘူဆန်ဆိပ်ကမ်းမြို့၌ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုရှိ ဝန်ချီစက်(ကရိန်း)ပြိုကျမှုဖြစ်ပွားခဲ့ရာ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးသေဆုံးခဲ့ကြောင်း၊ အခြားအလုပ်သမားတစ်ဦးမှာလည်း နှစ်ထပ်အဆောက်အအုံ၏ ခေါင်မိုးပေါ်၌ သေဆုံးသွားကြောင်း သိရသည်။ အခြားတစ်ဦးမှာ ဘူဆန်မြို့အနီး၌ ရေလှိုင်းလုံးကြီးများနှင့် မြောပါပြီး သေဆုံးသွားကြောင်း ဒေသတွင်း သတင်းမီဒီယာများက ဆိုသည်။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းရှိ Ulsan မြို့တွင် အမျိုးသမီးတစ်ဦးမှာ ရေစီးနှင့်အတူ မြောပါသေဆုံးခဲ့ကြောင်း သိရသည်။ အခြားလူတစ်ယောက်မှာလည်း မြို့တွင်း ကားပါကင်တစ်ခု၌ သေဆုံးနေသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ Jeju ကျွန်းပေါ်ရှိ တံငါသည်တစ်ဦး နှင့် Ulsan မြို့ရှိ မီးသတ်သမားတစ်ဦးအပါအဝင် စုစုပေါင်း လူ ၅ ဦးမှာ ပျောက်ဆုံးလျက်ရှိသည်။ ၎င်းတို့အနက် တစ်ဦးမှာ Gyeongju ၌ ကားတိမ်းမှောက်ပြီးနောက် ပျောက်ဆုံးနေကြောင်း ၊ လယ်သမားတစ်ဦးမှာလည်း ရေလှိုင်းနှင့်အတူ လွင့်စင်ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ထို့ ပြင် တောင်ပိုင်း Gyeongsang ပြည်နယ်အတွင်းရှိ Mirayng ၌လည်း လူတစ်ဦးပျောက်ဆုံးနေကြောင်း သတင်းများက ဆိုသည်။

တိုင်ဖွန်းမုန်တိုင်းကြောင့် Jeju ကျွန်းပေါ်ရှိ ဆောက်လုပ်ဆဲ လူနေအိမ် ၁၄ လုံး ပြိုကျပျက်စီးသွားပြီး နိုင်ငံတောင်ဖက်ခြမ်းတွင် လူနေအိမ်ပေါင်း ၅ဝ၈ လုံးရေလွှမ်းမိုးသွားကြောင်း သိရသည်။

နိုင်ငံတောင်ပိုင်းရှိ စက်ရုံ ၂၂ လုံး ၊ စီးပွားရေးအဆောက်အုံ ၁၅ဝ လုံး နှင့် စိုက်ပျိုးမြေ ၇,၇၄၇ ဟက်တာ တို့မှာ ရေလွှမ်းမိုးမှုဒဏ်ခံစားခဲ့ရကြောင်း သိရသည်။ Ulsan မြို့၌ ကားအစီးရေ ၉ဝဝ ရေလွှမ်းမိုးမှုဒဏ်ခံရခြင်းအပါအဝင် ချာဘ တိုက်ဖွန်းမုန်တိုင်းကြောင့် စုစုပေါင်း ကားအစီးရေ ၁၁၅ဝ စီး ရေလွှမ်းမိုး ပျက်စီးသွားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.