Connect with us

Asia

ထိုင်းနိုင်ငံ၌ နှစ်သစ်ကူးအားလပ်ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် လူ ၃၇၅ဦးသေဆုံး

ထိုင်းနိုင်ငံ တွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တစ်ဝန်း၌ နှစ်သစ်ကူးအားလပ်ရက်အတွင်း ယာဉ်မတော်တဆမှုများကြောင့် စုစုပေါင်း လူ ၃၇၅ဦးသေဆုံးပြီး အခြားလူ ၃,၆၀၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နှစ်သစ်ကူးအားလပ်ရက်ကာလ ယာဉ်မတော်တဆမှုကာကွယ်ရေး နှင့် လျှော့ချရေးစင်တာ က ဒီဇင်ဘာ ၂၈ရက် မှ ဇန်နဝါရီ ၂ရက်အတွင်း နိုင်ငံတစ်ဝန်းနေရာအနှံအပြားတွင် ယာဉ်မတော်တဆမှုများကြောင့် လူ ၃၇၅ဦးသေဆုံးပြီး အခြားလူ ၃,၆၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဇန်နဝါရီ ၃ရက်ကပြောကြားခဲ့သည်။

စင်တာ၏ပြောရေးဆိုခွင့်သူ က နှစ်သစ်ကူးပွဲတော်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၃,၄၅၆ခု ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Nakhon Ratchasima မြို့ တွင် လူသေဆုံးမှုပမာဏသည် အများဆုံးဖြစ်ပြီး ခြောက်ရက်တာကာလအတွင်း လူ ၁၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ပြောရေးဆိုခွင့်ရှိသူ က ယာဉ်မတော်တဆမှုများသည့် အရက်သောက်သုံးပြီး မဆင်မခြင်မောင်းနှင်မှုများကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.