Connect with us

Asia

တာ့ဂျ်မဟာသို့ နေ့စဉ် ဧည့်သည် ၄၀,၀၀၀ ဝင်ရောက်ရန် သတ်မှတ်မည်

အိန္ဒိယနိုင်ငံရှိ တာ့ဂ်ျမဟာနှင့် လာရောက်လေ့လာကြသည့် ဧည့်သည်များအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇန်နဝါရီ် ၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံရှိ နှစ်ပေါင်း ၄၀၀ နီးပါးရှိပြီဖြစ်သော နိုင်ငံ၏အံ့ဖွယ်ရတနာ တာ့ဂျ်မဟာ (Taj Mahal) အား ထိန်းသိမ်းကာကွယ်ရန်အတွက် နေ့စဉ် ဝင်ရောက်သည့် ဧည့်သည်ပေါင်း ၄၀,၀၀၀ အထိနှင့် ဧည့်သည်တစ်ဦးစီ၏ ဝင်ရောက်လေ့လာမှုတိုင်း ကြာမြင့်ချိန်အား သုံးနာရီထိသာ သတ်မှတ်ထားရှိရန် စီစဉ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်က တာ့ဂျ်မဟာ ဝင်ပေါက်တစ်ခုတွင် လူအုပ်ပိမှုဖြစ်ပွားခဲ့ပြီး လူ ၅ ဦး ဒဏ်ရာရခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဆိုင်ရာ လေ့လာမှု (ASI) က ယခုကဲ့သို့ အဆိုပြုချက် တင်ပြခဲ့ခြင်း ဖြစ်သည်။

ASI ၏ အဆိုအရ လက်ရှိတွင် တာ့ဂျ်မဟာသို့ လာရောက်သည့် ဧည့်သည်အရေအတွက်မှာ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့များအထိ ၄၀,၀၀၀ ဝန်းကျင်ရှိပြီး စနေနေ့နှင့် တနင်္ဂနွေနေ့များ၊ အားလပ်ရက်များတွင်မူ ၇၀,၀၀၀ ခန့်အထိ ရောက်ရှိခဲ့ကြောင်း သိရသည်။

ယခုလို သတ်မှတ်ချက်က ရူပီးငွေ ၄၀ (အမေရိကန်ဒေါ်လာ ဝ.၆)ဝင်ကြေး ပေးဆောင်ရသော ပြည်တွှု်း ဧည့်သည်များနှင့်သာ သက်ဆိုင်မည်ဖြစ်ပြီး ရူပီး ၁၀၀၀ (အမေရိကန်ဒေါ်လာ ၁၅.၇) ဝင်ကြေး ပေးဆောင်ရသော နိုင်ငံခြားသားများနှင့် သက်ဆိုင်ကန့်သတ်မှုရှိမည် မဟုတ်ပေ။

ထို့ပြင် ASI ကတင်ပြထားသည့် အခြား အဆိုပြုချက်၌ ဧကရာဇ် ရှားဂျာဟန်း (Shah Jahan) နှင့် ၎င်း၏ ကြင်ယာတော် မမ်တက်ဇ်မဟာ (Mumtaz Mahal) တို့၏ ရှေးဟောင်း အမွေအနှစ်များ ထားရှိရာ ဂူဗိမ္မာန်များသို့ ဝင်ရောက်ခ ခွဲခြားကောက်ခံရန်လည်း ပါဝင်ကြောင်း သိရသည်။

ကမ္ဘာ့အံ့ဖွယ် ၇ ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး မမ်တက်ဇ်မဟာအား ချီးကျူးဂုဏ်ပြုထားသော အထိမ်းအမှတ် ဂူဗိမာန်သည် မကြားသေးမီနှစ်အများအတွင်း လူအများအပြား လာရောက်ခြင်းနှင့် လေထုညစ်ညမ်းမှုများ ကြုံတွေ့နေရသည်ဟုဆိုသည်။

“ကျွန်တော်တို့ ရွေးချယ်ခွင့်မရှိပါဘူး ဒီလိုမျိုးတွေလုပ်မှပဲ ဖြစ်ပါမယ်” ဟု ယဉ်ကျေးမှုဆိုင်ရာ ပြည်ထောင်စုဝင်ကြီး မဟတ်ရှ်ရှာမားက ASI တာဝန်ရှိသူများနှင့် ပြုလုပ်သော အစည်းအဝေးပြီးနောက် Indian Express သို့ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.