Connect with us

Asia

အိန္ဒိယနိုင်ငံသားပေါင်းများစွာသည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကုသရန် အတွက် ငါးအရှင်မျိုသည့် ကုထုံးအား ခံယူရန် စုရုံး

ငါးအရှင်မျိုသည့် ကုထုံး ခံယူနေသည့် အိန္ဒိယနိုင်ငံသား တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

ပန်းနာ၊ ရင်ကျပ်နှင့် အခြား အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများ ခံစားနေရသည့် အိန္ဒိယနိုင်ငံသား ၃၀၀,၀၀၀ ခန့်သည် ငါးအရှင်မျိုသည့် ကုထုံးအား ခံယူရန် အိန္ဒိယနိုင်ငံ တောင်ပိုင်း Telangana ပြည်နယ် Hyderabad မြို့ရှိ ရင်ပြင်သို့ ဇွန်လ ၈ ရက်က စုရုံးရောက်ရှိလာခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါ ကုထုံးပိုင်ရှင် Bathini မိသားစုသည် ငါးအရှင်၏ ပါးစပ်ထဲသို့ လျို့ဝှက် နည်းလမ်းဖြင့် ဖော်စပ်ထားသော အဝါရောင် ဆေးအနှစ်များ ထည့်ကာ အဆိုပါငါးကို ရောဂါကုသရန် လာရောက်ကြသူများအား မျိုချစေခဲ့ကြောင်း နှင့် ငါးအရှင်သည် လူနာ၏ လည်ပင်းအတွင်း လူးလွန့် သွားလာခြင်းဖြင့် ချွဲသလိပ်များကို ရှင်းလင်းပေး နိုင်ကြောင်း သိရသည်။
အဆိုပါ ဆေးကုသသည့် အခမ်းအနားအား နံနက်ပိုင်းတွင် စတင်ပြုလုပ်ခဲ့ပြီး နောက် ၂၄ နာရီ ကြာသည်အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.