Connect with us

Asia

ထိုင်းနိုင်ငံ ၏ အထွေထွေရွေးကောက်ပွဲ ကို ၂၀၁၈ခုနှစ် တွင် ကျင်းပမည်

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အားတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ က အထွေထွေရွေးကောက်ပွဲကို ၂၀၁၈ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်တွင်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ် က “အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလမှာ ကျင်းပသွားမှာပါ။ ၂၀၁၈ခုနှစ် ဇွန်လမတိုင်မီ ရွေးကောက်ပွဲ ကျင်းပမဲ့အချိန်အတိအကျကို ကြေညာသွားမှာပါ” ဟု အစိုးရအိမ်တော်၌ သတင်းထောက်များအားပြောကြားခဲ့သည်။

ပရာယွတ်အစိုးရအဖွဲ့သည် ၂၀၁၄ခုနှစ် မေလတွင် အာဏာရရှိလာပြီး အရင်ကာလများတွင် ရွေးကောက်ပွဲ ကျင်းပမည့်အချိန်ကို နှစ်ကြိမ်တိုင် ကြေညာခဲ့ဖူးသော်လည်း လုံခြုံရေးကိစ္စရပ်များ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေများ ပြောင်းလဲခြင်းတို့ကို အကြောင်းပြ၍ နှစ်ကြိမ်စလုံး နောက်ကျခဲ့ကြောင်း သိရသည်။

နိုင်ငံရေး လှုပ်ရှားမှုများအပေါ် ပိတ်ပင်တားမြစ်မှုများကို ပယ်ဖျက်ပေးရန် အကျိုးအကြောင်းဆီလျော်စွာ စဉ်းစားပေးနေကြောင်း ပရာယွတ်ကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117