Connect with us

Asia

အိန္ဒိယတွင် ဓါတ်ငွေ့ယိုစိမ့်မှု ကြောင့် ကလေးအယောက်၂၀၀ ဆေးရုံတင်ရ

အိန္ဒိယနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် ဆေးရုံတက်ခဲ့ရသည့် ကျောင်းသားများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် တွင် အောက်တိုဘာ ၁၀ ရက်က စာသင်ကျောင်းပရဝုဏ်တစ်ခု နှင့် ကပ်လျက်ရှိသည့် သကြားစက်ရုံတစ်ခု မှ ယိုစိမ့်လာသော အဆိပ်သင့်ဓါတ်ငွေ့များကို ရှူရှိုက်ခဲ့ပြီးနောက် ကလေးငယ် ၂၀၀ ဦးခန့် နေထိုင်မကောင်းဖြစ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ကျောင်းသားများသည် ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း နှင့် မျက်လုံးများနီရဲလာခြင်း စသည့် ဝေဒနာများ ခံစားရပြီးနောက် ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယင်း ဓါတ်ငွေ့ယိုစိမ့်မှုသည် Shamli ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပြည်နယ်ရဲတပ်ဖွဲ့ထိန်းချုပ်ခန်းမှ ရဲအရာရှိတစ်ဦးက အောက်တိုဘာ ၁၀ ရက်တွင် ဖြစ်ပွားခဲ့သည့် ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် Shamli စာသင်ကျောင်းမှ ကလေးငယ် ၂၀၀ဦး နေထိုင်မကောင်းဖြစ်ခဲ့ပြီး ၎င်းတို့အနက် ၁၇၅ဦးသည် ဆေးရုံမှဆင်းသွားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက ဆက်၍ ယခုအထိ ကလေးငယ် ၂၃ဦး ဆေးရုံတက်ရောက်နေဆဲဖြစ်ပြီး ၂ဦးကို အထူးကုသမှုများ ပြုလုပ်ရန် Panipat မြို့သို့ လွှဲပြောင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

သကြားစက်ရုံအလုပ်သမားများသည် အမှိုက်များအား ဖျက်စီးရန် ဓါတုပစ္စည်းများဖြင့် ရောနှောခဲ့ပြီးနောက် ဓါတ်ငွေ့များ စတင်ထွက်လာပြီး ဘေးပတ်ဝန်းကျင်သို့ပျံ့နှံ့ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပြည်တွင်းသတင်းများ၏ဖော်ပြချက်အရ နေထိုင်မကောင်းဖြစ်သည့် ကလေးငယ်အရေအတွက်သည် ၃၀၀ဦးခန့်ရှိကြောင်း သိရသည်။

အစိုးရက အဆိုပါဖြစ်ရပ်အား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားပြီး ကလေးငယ်များအား ဆေးကုသမှုပေးရာတွင် လစ်ဟာမှုမရှိစေရန် Shamli ခရိုင်တရားသူကြီးအား အမိန့်ပေးခဲ့ကြောင်း သိရသည်။

၂၀၁၇ခုနှစ် မေလတွင်လည်း ကုန်သေတ္တာတစ်ခုမှ ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် နယူးဒေလီမြို့ ရှိ အစိုးရကျောင်းတစ်ကျောင်းမှ ကျောင်းသား ၂၀၀ခန့် ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117