Connect with us

Asia

ဟနွိုင်း၌ အဆောက်အအုံ ငြမ်းစင်ပြိုကျမှုဖြစ်ပွားရာ ၂ ဦးသေ ၊ ၄ ဦးဒဏ်ရာရ

ဗီယက်နမ်နိုင်ငံ ဟနွိုင်မြို့ ၌ ၂ဝ၁၅ ခုနှစ် မတ်လ ၂၆ ရက်က အဆောက်အအုံတစ်ခု၏ ငြမ်းစင်ပြိုကျသွားသည်ကို ရှင်းလင်းနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ၏ မြို့တော် ဟနွိုင်း၌ အောက်တိုဘာလ ၁၃ ရက်နံနက်ပိုင်းက အဆောက်အအုံတစ်ခု၏ ငြမ်းစင်ပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမား နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရသွားကြောင်း သိရသည်။

Hoang Mai ခရိုင်အတွင်းရှိ အထပ် ၂၈ ထပ်ပါ အဆောက်အအုံတစ်လုံး၏ ၆လွှာတွင် ဆောက်လုပ်ရေးအလုပ်သမားများက ကွန်ကရစ်လောင်းရန် လုပ်ကိုင်နေကြစဉ် ဒေသစံတော်ချိန် နံနက် ၅ နာရီတွင် ငြမ်းစင်ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦးသတင်းများအရ သိရသည်။အဆိုပါ အလုပ်သမားများသည် ငြမ်းစင်နှင့်အတူ မြေပြင်အထိ ပြုတ်ကျသွားရာ ၂ ဦးမှာ ပွဲခြင်းပြီးသေဆုံးသွားပြီး အခြား လေးဦးမှာ ဒဏ်ရာ အသီးသီးရရှိသွားခဲ့ခြင်းဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံပိုင် VNA သတင်းအေဂျင်စီက အောက်တိုဘာလ ၁၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။ငြမ်းစင်ပြိုကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။(Xinhua)