Connect with us

Asia

ဒေလီ လေဆိပ်တွင် လေယာဉ် နှစ်စင်း မျက်နှာချင်းဆိုင် တိုက်မိမည့်ဘေးမှ ရှောင်လွှဲနိုင်ခဲ့

ပြေးလမ်းတူသွားပြီး မျက်နှာချင်းဆိုင် တိုက်မိမည့်အရေးမှ ရှောင်ကွင်းနိုင်ခဲ့သည့် Spicejet လေကြောင်းလိုင်းမှ လေယာဉ်နှင့် IndiGo လေကြောင်းလိုင်းမှ လေယာဉ် နှစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ နယူးဒေလီ လေဆိပ်တွင် ခရီးသည်တင် လေယာဉ် လေယာဉ်နှစ်စင်း ပြေးလမ်း တစ်ခုအတွင်း မျက်နှာချင်းဆိုင်ကာ ကြောက်ခမန်းလိလိ တိုက်မိလုနီးပါး အခြေအနေမှ ရှောင်လွှဲနိုင်ခဲ့ကြောင်း အဆင့်မြင့် လေကြောင်း အရာရှိ တစ်ဦးက ပြောသည်။

“အဲဒီ မတော်တဆမှုဟာ အင်ဒီယာ ဂန္ဒီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ပြည်တွင်း ဝင်ပေါက်မှာ စရိတ်နည်း ပုဂ္ဂလိက လေကြောင်းလိုင်း Spicejet လေယာဉ် တစ်စင်းက ပြေးလမ်းမှ ထွက်ခွာချိန်နဲ့ အခြား ပုဂ္ဂလိက လေကြောင်းလိုင်း IndiGo လေယာဉ်က လေဆိပ်သို့ ဆင်းသက်ချိန် တိုက်ဆိုင်သွားပြီး ပြေးလမ်း တစ်ခုထဲ တူညီနေတဲ့အတွက် တိုက်မိမည့် အခြေအနေ ဖြစ်ခဲ့တာပါဟု ၎င်းက ပြောခဲ့သည်။

သို့သော်လည်း ခရီးသည် အပြည့်တင်လာသည့် လေယာဉ် နှစ်စင်းမှ လေယာဉ်မှူးများသည် ယင်း အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီး ယာဉ် အသွားအလာ ထိန်းချုပ်သူများနှင့် ဆက်သွယ်မှုဆိုင်ရာ နားလည်မှု လွဲမှားခြင်းကြောင့် ဖြစ်နိုင်ကြောင်း အစောပိုင်း စုံစမ်းစစ်ဆေးမှုများက ဖော်ပြထားသည်။

အဆိုပါ မတော်တဆမှုနှင့် ပတ်သက်၍ အဓိက သက်သေပြနိုင်ရန် အိန္ဒိယနိုင်ငံ မြို့ပြ လေကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ဘေးကင်း လုံခြုံရေး စည်းကမ်း ထိန်းသိမ်းသူက ညွှန်ကြားထားသည်။

လွန်ခဲ့သော နာရီအနည်းငယ်အကြာက အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂိုအာပြည်နယ်ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပုဂ္ဂလိက လေကြောင်းလိုင်း Jet Airway လေယာဉ် တစ်စင်းသည် လေဆိပ်မှ ထွက်ခွာနေစဉ်အတွင်း ပြေးလမ်းချော်ခဲ့ပြီး ခရီးသည်များအား ရွှေ့ပြောင်းပေးနေစဉ်အတွင်း ခရီးသည် ၁၅ ဦး ဒဏ်ရာရရှိခဲ့သည့် မတော်တဆမှု ဖြစ်ပွားပြီးနောက် ယခုလို မျက်နှာချင်းဆိုင် တိုက်မိလုနီး အခြေအနေ ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.