Connect with us

Asia

သီရိလင်္ကာ ဝန်ကြီးချုပ်ဟောင်း အသက် ၈၃နှစ်၌ ကွယ်လွန်

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Ratnasiri Wickremanayake အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကိုလံဘို၊ ဒီဇင်ဘာ ၂၇ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Ratnasiri Wickremanayake သည် ၎င်းဆေးကုသမှုခံယူနေသော ဆေးရုံတစ်ခု၌ ဒီဇင်ဘာ ၂၇ရက်တွင် ကွယ်လွန်သွားခဲ့ကြောင်း နှင့် ၎င်းကွယ်လွန်ချိန်တွင် အသက်၈၃နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

Wickremanayake သည် သီရိလင်္ကာ ဝန်ကြီးချုပ်အဖြစ် ၂၀၀၀ခုနှစ်မှ ၂၀၀၁ခုနှစ်အထိ တစ်ကြိမ် ထို့နောက် ၂၀၀၅ခုနှစ် မှ ၂၀၁၀ခုနှစ်အထိ တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

၎င်းသည် ၁၉၆၀ခုနှစ်တွင် Mahajana Eksath Peramuna ပါတီဝင်အနေဖြင့် ဥပဒေပြုလွှတ်တော်တွင် အမတ်အဖြစ် အနိုင်ရရှိခဲ့ပြီး နိုင်ငံရေးလောကအတွင်းသို့ စတင်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

၁၉၇၀ခုနှစ်တွင် ၎င်းအား တရားစီရင်ရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်းသိရသည်။

၁၉၉၄ အထွေထွေရွေးကောက်ပွဲတွင် Wickremanayake သည် ပါလီမန်တွင် အမတ်အဖြစ် ရွေးကောက်ခံရပြီး အများပြည်သူဆိုင်ရာ စီမံခန့်ခွဲရေး၊ ပြည်ထဲရေး နှင့် စိုက်ပျိုးရေးလုပ်ငန်း ဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.