Connect with us

Asia

နဂါးမောက်သီးထဲ မူးယစ်ဆေးဝါးသယ်ဆောင်လာသော ဗီယက်နမ် ခရီးသည် သုံးဦးကို ဖမ်းဆီး

နဂါးမောက်သီးများအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai နိုင်ငံတကာလေဆိပ်၌ စိတ်ကြွဆေးပြား ၅,ဝဝဝ ပြား နှင့် မူးယစ်ဆေး ၁ ကီလိုဂရမ် တို့ကို နဂါးမောက်သီးအတွင်း လျှို့ဝှက်သယ်ဆောင်လာသည့် ဗီယက်နမ်နိုင်ငံသား သုံးဦးကို ဖမ်းဆီးရမိကြောင်း ဒေသတွင်း သတင်းမီဒီယာက ဇွန် ၂၃ ရက်တွင် ဖော်ပြခဲ့သည်။

လေဆိပ် အကောက်ခွန်ဝန်ထမ်းများ နှင့် လုံခြုံရေးအရာရှိများက လက်ဆွဲအိတ်အတွင်း သယ်ဆောင်လာသည့် နဂါးမောက်သီး ၁၅ လုံး နှင့် ကိတ်မုန့်များကို စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၅,ဝဝဝ ပြား နှင့် သစ်သီး ၁၃ လုံးထဲတွင် ထည့်ထားသည့် မူးယစ်ဆေ ၁ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း Phap Luat Thanh pho Ho Chi Minh ဟိုချီမင်းမြို့တော် ဥပဒေ သတင်းစာက ရေးသားဖော်ပြခဲ့သည်။

ဖမ်းဆီးထားသူ သုံးဦးသည် ဟိုချီမင်းမြို့မှ ဟနွိုင်းမြို့ နှင့် ဗီယက်နမ်မြောက်ပိုင်းရှိ မြို့များတွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချရန် လုပ်ဆောင်နေသည့် မူးယစ်မှောင်ခိုအဖွဲ့ဝင်များ ဖြစ်နိုင်ချေရှိကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။

ဗီယက်နမ်နိုင်ငံ ဥပဒေအရ ဘိန်းဖြူ ၆ဝဝ ကီလိုဂရမ်အထက် သယ်ဆောင်သူ ( သို့မဟုတ် ) မက်တာဖာတမင်းဆေးပြား ၂.၅ ကီလိုဂရမ်အထက် သယ်ဆောင်ကြောင်း ပြစ်မှုထင်ရှားသူကို သေဒဏ် ပြစ်ဒဏ်ချမှတ်နိုင်သည်။ ထို့ပြင် ဘိန်းဖြူ ၁ဝဝ ဂရမ် ထုတ်လုပ်ခြင်း သို့မဟုတ် ရောင်းဝယ်ဖောက်ကားခြင်း သို့မဟုတ် တရားမဝင်မူးယစ်ဆေးဝါး ၃ဝဝ ဖြန့်ဖြူးခြင်းတို့အတွက် သေဒဏ်ပြစ်ဒဏ် ချမှတ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.