Connect with us

Asia

နီပေါ နိုင်ငံ ပညာရေး ဝန်ကြီးဌာန မှ အရာရှိများ တရုတ် ဘာသာစကား သင်တန်း တက်ရောက်ခဲ့ကြ

နီပေါ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ယွီဟုန် (နောက်ဆုံးတန်း ဝဲမှ ၉ ယောက်မြောက်) အား တရုတ် ဘာသာစကား သင်တန်း ဆင်းပွဲ တစ်ခု တွင် မြင်တွေ့ရစဉ်(ဓာတ်ပုံ-တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန)

ခတ္တမန္ဒူ ၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

နီပေါ နိုင်ငံ ပညာရေး ဝန်ကြီးဌာန မှ အရာရှိ ၂၀ ဦး သည် ဖေဖော်ဝါရီ ၁၃ ရက်နေ့ က ခတ္တမန္ဒူ တက္ကသိုလ် ကွန်ဖြူးရှပ် သင်တန်းကျောင်း တွင် တရားဝင် စတင် ဖွင့်လှစ် ပေးခဲ့သည့် တရုတ် ဘာသာစကား အခြေခံ သင်တန်း သို့ တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

ခတ္တမန္ဒူ တက္ကသိုလ် ကွန်ဖြူးရှပ် စာသင်ကျောင်း ၏ တရုတ် နိုင်ငံ ဘက်မှ ကျောင်းအုပ်ကြီး ဝမ်စိမ့်လိ က နီပေါ နိုင်ငံ ပညာရေး ဝန်ကြီးဌာန ၌ တရုတ် ဘာသာ စကားကို သင်ကြားပေးနေသည့် အပြင် နီပေါ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ယဉ်ကျေးမှု ၊ ခရီးသွား နှင့် လေကြောင်း ပို့ဆောင်ရေး ဌာန ၊ နီပေါ နိုင်ငံ စစ်ဘက်ဆိုင်ရာ ဌာန စသည့် ဌာန တို့တွင်လည်း တရုတ် ဘာသာစကား သင်တန်းများ ဖွင့်လှစ် ထားကြောင်း ပြောကြား ခဲ့သည်။

နီပေါ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ယွီဟုန် က သင်တန်း ဖွင့်ပွဲ အခမ်းအနား ကို တက်ရောက် ခဲ့ပြီး မိန့်ခွန်းပြောကြားရာတွင် တရုတ်-နီပေါ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေး သည် အဆက်မပြတ် တိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး ယခု နီပေါ နိုင်ငံ ပညာရေး ဝန်ကြီးဌာန မှ အရာရှိများက တရုတ် ဘာသာ စကား ကိုသင်ယူ ခြင်းသည် နှစ်နိုင်ငံ ပညာရေး ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု ကို များစွာ တိုးတက် နိုင်စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နီပေါ နိုင်ငံ ခတ္တမန္ဒူ တက္ကသိုလ် ကွန်ဖြူးရှပ် စာသင်ကျောင်း အား ၁၉၉၇ ခုနှစ် ဇွန်လပိုင်းက စတင်တည်ထောင် ခဲ့ပြီး လက်ရှိချိန်ထိ နီပေါ နိုင်ငံ မှ တရုတ် ဘာသာစကား သင်ကြားသူ ပေါင်း နှစ်သောင်းကျော် ကိုမွေးထုတ် နိုင်ခဲ့ပြီး နီပေါ နိုင်ငံသား များမှ တရုတ် ဘာသာစကား သင်ကြားရန် အတွက် အရေးပါသည့် ကျောင်းတစ်ကျောင်း ဖြစ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.