Connect with us

Asia

ပါကစ္စတန်နိုင်ငံ ကရာချိတွင် ခရီးသည် အလွန်အကျွံတင်ဆောင်လာသည် ဘတ်စ်ကားမှောက်မှုကြောင့် လူ ၇ ဦး သေဆုံး

ခရီးသည် အလွန်အကျွံ တင်ဆောင်လာသဖြင့် တိမ်းမှောက်သွားသည့် ဘတ်စ်ကား တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အစ္စလာမ်မာဘတ်၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိ ဆိပ်ကမ်းမြို့တွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီး တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးကာ ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ Urdu မီဒီယာက သတင်းတင်ပြထားသည်။

အဆိုပါ ခရီးသည်တင် ဘတ်စ်ကားသည် Badin ခရိုင်သို့အသွား နိုင်ငံတောင်ပိုင်း Sindh ပြည်နယ် မြို့တော် ကရာချိရှိ Sassy တိုး ပလာဇာအနီးတွင် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ARY News က ဖော်ပြထားသည်။

ယင်း ဘတ်စ်ကားသည် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းနံဘေးရှိ လမ်းမီးတိုင်အား ဝင်တိုက်မိပြီး တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသူများအား အနီးရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ အများစုမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံတွင် လမ်းများ ပြုပြင်ထိန်းသိမ်းမှု အားနည်းခြင်း၊ လမ်းမများ ဘေးကင်းရေးဆိုင်ရာ စည်းကမ်းများအား မလိုက်နာခြင်းနှင့် မဆင်မခြင် မောင်းနှင်ခြင်းများကြောင့် လမ်း မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ပါကစ္စတန်နိုင်ငံ စာရင်းအင် ဗျူရို၏ အချက်အလက်များအရ ပါကစ္စတန်တွင် နှစ်စဉ် လမ်း မတော်တဆမှု ၉,၀၀၀ ကျော် ဖြစ်ပွားပြီး ပျမ်းမျှ လူ ၅,၀၀၀ ဦး ဝန်းကျင် သေဆုံးလျက်ရှိကြောင်း သိရသည်။

ပါကစ္စတန် ယာဉ် စည်းကမ်း ထိန်းသိမ်းရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူများ ပြောကြားချက်အရ လမ်း မတော်တဆမှု၏ ၉၀ ရာခိုင်နှုန်းသည် လူတို့၏ အမှားကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.