Connect with us

Asia

ပညာရေး အခွင့်အလမ်းပွင့်လင်းရန် မျှော်လင့်နေသည့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သား များ၏ ကလေးငယ်လေးများ

ထိုင်းနိုင်ငံ စမွတ်စခွန်ပြည်နယ် မဟာချိုင်ဒေသ ဝက်တပ်နောရာရတ်ကျောင်းဝင်းအတွင်း ဖွင့်လှစ်ထား သည့် စာသင်ကျောင်း တစ်ခု၌ ပညာသင်ကြားနေသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များအား ဇွန်လ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စမွတ်စခွန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်စခွန်ပြည်နယ်သည် ပင်လယ်စာ လုပ်ငန်း၏ အချက်အချာ နေရာ ဖြစ်သည်။ ထို့အတူ ထိုင်းနိုင်ငံသို့ အလုပ်အကိုင် အခွင့်အလမ်းသစ်များ လာရောက်ရှာဖွေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂.၄ သန်း ရှိသည့်အနက် မြန်မာနိုင်ငံသား ၂ သိန်းခန့်၏ နေအိမ် တည်ရှိရာဟုလည်း ဆိုနိုင်ပေသည်။

ထို အလုပ်သမားများ၏ ကလေးငယ်များအတွက် သင့်တင့်လျောက်ပတ်သော ပညာရေး ရစေရန် အလို့ငှာ ဒေသခံ အလုပ်သမား အခွင့်အရေး အဖွဲ့အစည်းများက ယင်း ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်း လေးခု တွင် စာသင်ကျောင်းများ ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံမှ ဆရာ၊ ဆရာမများက လာရောက် ပညာသင်ကြားပေး ခြင်း ဖြစ်ပြီး ကျောင်းသားများ အနေဖြင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ နှင့် အခြား ဘာသာရပ်များအား သင်ကြားနိုင်သည်။
မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် အဖြစ် ၂၀၁၆ ခုနှစ် ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ သွားရောက်ခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် ရွှေ့ပြောင်း အလုပ်သမား၏ သားသမီးများ၏ ပညာရေးအတွက်လည်း အထူးတလည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ စမွတ်စခွန်ပြည်နယ် မဟာချိုင်ဒေသ ဝက်တပ်နောရာရတ်ကျောင်းဝင်းအတွင်း ဖွင့်လှစ်ထား သည့် စာသင်ကျောင်း တစ်ခု၌ ပညာသင်ကြားနေသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ ကလေးငယ်များအား ဇွန်လ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံစဉ် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအား မွေးစာရင်းများ ထုတ်ပေးနိုင်ရေး၊ သားသမီးများ၏ အတန်းပညာ ရေး ထိခိုက်နစ်နာမှုမရှိစေရန် ပြည်ပစာစစ်ဌာနများတွင် စာမေးပွဲဖြေဆိုခွင့်ရရှိရေး၊ ကျန်းမာရေး ကဏ္ဍများတွင် တန်းတူ စောင့်ရှောက်မှု ရရှိနိုင်ရေး ၊ ဒုက္ခသည် စခန်းများမှ မြန်မာနိုင်ငံသားများ နေရပ်ပြန်ခေါ်နိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးသာမက နှစ်နိုင်ငံ၏ အရေးကြီးသော စီမံကိန်း တစ်ခုဖြစ်သည့် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းများနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများ အကောင်အထည် ဖော်နိုင်ရေး အတွက် ကြပ်ကြပ် မတ်မတ် ဆောင်ရွက်သွားရေး၊ အာဆီယံ မူဘောင် အတိုင်း နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.