Connect with us

Asia

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့တွင် အသေခံဗုံးခွဲမှုကြောင့် လူ ၂၆ဦးသေဆုံး


အစ္စလာမ်မာဘတ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း လာဟိုးမြို့ ရှိ မြို့လယ်ခေါင်ဧရိယာတွင် ဇူလိုင် ၂၄ ရက် နေ့လည်ပိုင်း၌ အသေခံဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၆ဦးသေဆုံးပြီး အခြားလူ ၄၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် ၏ ကျန်းမာရေးဝန်ကြီး Khawaja Salman Rafique က ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၉ဦးအပါအဝင် လူ ၂၆ဦး သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ ၄၉ဦးကို မြို့အတွင်းရှိ ဆေးရုံ ၃ခုတွင် ဆေးကုသမှုပေးထားကြောင်း ပြောကြားခဲ့သည်။

ဆေးရုံသတင်းရင်းမြစ်များအရ ဒဏ်ရာရရှိသူ အနည်းဆုံး ၁၅ဦးမှာ အခြေအနေစိုးရိမ်ရ၍ သေဆုံးသူ ဦးရေ မြင့်တက်လာနိုင်ကြောင်း သိရသည်။

ပြည်တွင်းသတင်းဖော်ပြချက်များအရ ပန်ဂျပ်ပြည်နယ် မြို့တော် လာဟိုးမြို့ မြို့လယ်ခေါင် ရှိ နည်းပညာပန်းခြံအနီး ဟင်းသီးဟင်းရွက်ဈေးတစ်ခု၏ တရားမဝင်အဆောက်အအုံတစ်ခုအား ရှင်းလင်းဖယ်ရှားနေသည့် ဒေသခံကျူးကျော်အဆောက်အအုံများ ရှင်းလင်းဖယ်ရှားရေးအဖွဲ့တစ်ဖွဲ့ ကို စောင့်ကြပ်ပေးနေသော ရဲတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထား၍ ဒေသစံတော်ချိန် ညနေ ၄း၀၀နာရီ တွင် အသေခံဗုံးခွဲသမားက ဗုံးဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးရှိ အဆောက်အအုံများစွာ၊ မော်တော်ဆိုင်ကယ် ၁၀စီး နှင့် မော်တော်ယာဉ် ၁စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းများ၌ပါရှိသည်။

ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ရှိ အသေခံဗုံးဖောက်ခွဲမှု ဖြစ်ပွားရာ နေရာအားတွေ့ရစဉ် (ဆင်ဟွာ)

လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ကယ်ဆယ်ရေးအဖွဲ့များ သည် အခင်းဖြစ်ပွားရာသို့ အလျင်အမြန်သွားရောက်ခဲ့ပြီး ရုပ်အလောင်းများကို ပြောင်းရွှေ့ခြင်း နှင့် ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ လာဟိုးမြို့အတွင်းရှိ ဆေးရုံအားလုံးတွင်လည်း အရေးပေါ်အခြေအနေကြေညာထားကြောင်း သိရသည်။

ဗုံးရှင်းလင်းရေး အရာရှိများက အသေခံဗုံးခွဲသမား၏ ဦးခေါင်းကို တွေ့ရှိခဲ့ကြောင်း နှင့် ဖောက်ခွဲရေးပစ္စည်း အလေးချိန် ၁၀ မှ ၁၂ ကီလိုဂရမ်အတွင်း အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန် တာလီဘန်အုပ်စု ၏ အဆွယ်အပွားအုပ်စုတစ်ခုဖြစ်သော Tehrik-e-Taliban Pakistan Ahmad Shah Masood က ယင်းတိုက်ခိုက်မှုအား ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းအုပ်စု၏ ထုတ်ပြန်ချက်တွင် အသေခံဗုံးခွဲမှုကို အသက် ၁၃နှစ်အရွယ် ယောကျ်ားလေးတစ်ဦးက လုပ်ဆောင်ခဲ့ကြောင်းပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.