Connect with us

Asia

ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ တက္ကသိုလ် တစ်ခု တိုက်ခိုက်ခံရမှု၌ လူ ၁၉ ဦးသေဆုံး

တိုက်ခိုက်ခံရသော တက္ကသိုလ်ဝင်းအတွင်း စစ်သားများ လုံခြုံရေး တာဝန်ယူနေစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ ချာဆတ်ဒါ ခရိုင်ရှိ တက္ကသိုလ် တစ်ခုအား အမည်မသိ သေနတ်သမားများ ဇန်နဝါရီလ ၂၀ ရက်တွင် ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့ကြောင်း ဆေးရုံ သတင်းရင်း မြစ်များထံမှ သိရသည်။

တိုက်ခိုက်ခံရသော Bacha Khan တက္ကသိုလ်၏ လက်ထောက် အဓိပတိ ဖေဇယ် ရီဟင်းမ် (Fazal Raheem) က ဒဏ်ရာရသူများတွင် တက္ကသိုလ် လုံခြုံရေးဝန်ထမ်း လေးဦး ပါဝင်ကြောင်း အတည်ပြုပြောကြား ခဲ့သည်။ ထို့ပြင် ရဲသား တစ်ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ဖော်ပြထားသည်။

စစ်တပ်၊ ရဲနှင့် လေထီးတပ်ဖွဲ့ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များလည်း အခင်းဖြစ်ပွားသည့်နေရာသို့ အချိန်တို အတွင်း ရောက်ရှိခဲ့သည်ဟု ဆိုသည်။

တက္ကသိုလ် ပရဝုဏ်အတွင်း မီးခိုးမြူများ ထူထပ်စွာ ပိတ်နေခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ရှာဖွေရေး ပြုလုပ်ရန် အခက်အခဲ ဖြစ်စေခဲ့ကြောင်း ဒေသခံရဲများက ပြောသည်။

တိုက်ခိုက်သူများ အရေအတွက်အား အတိအကျ မသိရသေးကြောင်း ချာဆတ်ဒါ လက်ထောက်ရဲမင်းကြီးက ပြောသည်။

အဆိုပါ ကြောက်မက်ဖွယ် တိုက်ခိုက်မှုသည် ကျောင်းသား ၃၀၀၀ ဦး တက်ရောက်နေသည့် တက္ကသိုလ် ပရဝုဏ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.