Connect with us

Asia

အိန္ဒိယနိုင်ငံ အခြေခံဥပဒေ ပြဋ္ဌာန်းသည့်နေ့ အခမ်းအနားတွင် လုံခြုံရေး သတိပေးအဆင့် အမြင့်ဆုံး သတ်မှတ်ထား

၂၀၁၅ ခုနှစ် အိန္ဒိယနိုင်ငံ အခြေခံဥပဒေ ပြဋ္ဌာန်းသည့်နေ့ အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် အခြေခံဥပဒေ ပြဋ္ဌာန်းသည့်နေ့ အခမ်းအနား ကျင်းပမည့် အချိန်အတောအတွင်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှု ရင်ဆိုင်နေရသဖြင့် လုံခြုံရေး အဆင့်အမြင့်ဆုံးအဖြစ် သတ်မှတ်ထားရှိမည် ဖြစ်ကြောင်း သိရသည်။

နယူးဒေလီမြို့တွင် ကျင်းပမည့် အခြေခံဥပဒေ ပြဋ္ဌာန်းသည့်နေ့ အခမ်းအနားသို့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်ဒီ က အထူးဧည့်သည်အဖြစ် တက်ရောက်ရန်ရှိသဖြင့် အိန္ဒိယ ကြည်းတပ်သာမက လေထီးတပ်ဖွဲ့ဝင် များကိုလည်း အခမ်းအနား လုံခြုံရေးအတွက် အထူး သတိဝီရိယရှိကြရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်များက ဇန်နဝါရီလ ၁၉ ရက်က ဖော်ပြခဲ့သည်။

“ဘယ်လို အကြမ်းဖက်မှုမျိုးကိုမဆို ရှောင်လွှဲနိုင်ဖို့ အိန္ဒိယ စစ်တပ်က ကြိုးစားသွားမှာပါ၊ အခမ်းအနား ပြုလုပ်မဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ လေထီးတပ်ဖွဲ့ကိုလဲ အားဖြည့်ထားပါတယ်” ဟု အဆိုပါ သတင်းရင်းမြစ်က ဆို သည်။

မြို့တော် နယူးဒေလီတွင် ပြုလုပ်မည့် ထို အခမ်းအနားသို့ အိန္ဒိယ သမ္မတ ပရာနပ် မူခါဂျီ၊ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြမည် ဖြစ်သည်။

ယမန်နှစ်က အဆိုပါ အခမ်းအနားသို့ အမေရိကန် သမ္မတ ဘားရတ် အိုဘားမား တက်ရောက်ခဲ့စဉ်ကလိုပင် လုံခြုံရေးကို အဓိက အရေးကြီးဆုံး အဖြစ်ကိုင်တွယ်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117