Connect with us

Asia

ဆီးရီးယား Deir al-Zour တွင် ပြန်ပေးဆွဲထားသော လူ ၄၀၀ ဦးထဲမှ ၂၇၀ ဦးအားပြန်လွှတ်ပေး

အိုင်အက်စ်တို့ ဘေးရန်ကြောင့် ထွက်ပြေးလာကြသော ဆီးရီးယားလူမျိုးများအား တွေ့ရစဉ် (ဆင်ဟွာ)

ဒမားစကတ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Deir al-Zour ပြည်နယ်ရှိ ကျေးလက်ဒေသအတွင်းက အိုင်အက်စ် အဖွဲ့က ပြန်ပေး ဆွဲထားသည့် လူ ၄၀၀ ထဲမှ ၂၇၀ အား ပြန်လည်လွှတ်ပေးခဲ့ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီလ ၂၀ ရက်က ပြောကြားခဲ့သည်။

ပြန်လွှတ်ပေးခဲ့သည့် လူ ၂၇၀ ဦးထဲတွင် အသက် ၁၄ နှစ်အောက် ကလေးများနှင့် အသက် ၅၅ နှစ်ကျော် အမျိုးသားများလည်း ပါဝင်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောသည်။

အိုင်အက်စ်များ လက်ထဲကျန်ရှိသူများမှာ အသက် ၁၅ နှစ်မှ ၅၅ နှစ်အတွင်းရှိ အမျိုးသား ၁၃၀ ဦး ဖြစ်ပြီး ၎င်းတို့ အား Bughailiyeh မြို့တွင် ဆီးရီးယား အစိုးရနှင့် ပူးပေါင်းဆောင်ရွက်သည်ဟု စွပ်စွဲကာ စိစစ်မေးမြန်းမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က Bughailiyeh တွင် အိုင်အက်စ်တို့ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး အမျိုးသမီးနှင့် ကလေး များ အပါအဝင် လူပေါင်း ၂၈၀ အား အိုင်အက်စ်များက သတ်ခဲ့ပြီး သေဆုံး ခန္ဓာကိုယ်များအား Euphrates မြစ်အတွင်းသို့ ပစ်ချခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117