Connect with us

Asia

နီပေါနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၇ ဦး ဖမ်းဆီးခံရ

နီပေါ ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၇ ဦးကို ခတ္တမန္ဒူရှိ ခရီးသွား ဧည့်သည် အများဆုံး လာရောက်လေ့ရှိသော Thamel မှ ဖမ်းဆီးမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဖမ်းဆီးခံရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ပတ်သက်၍ သက်သေခံချက် တစ်ခုကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း Sorukhutte ရဲစခန်းရှိ ဒုတိယ ရဲမှူး ဆိုမန်ဒရာ ဆင်းန် ရတ်သာက ဒေသခံ မီဒီယာသို့ ပြောကြားခဲ့သည်။

ဖမ်းဆီးခံထားရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အများစုသည် လွန်ခဲ့သော လအနည်းငယ်အကြာက အိန္ဒိယ-နီပေါ Kakarbhitta-Panitanki နယ်စပ် ဂိတ်မှ တစ်ဆင့် နီပေါနိုင်ငံအတွင်း ဝင်ရောက်ခဲ့ကြပြီး ရက်ကန်း လုပ်ငန်း၊ အဝတ်အထည် လက်မှုလုပ်ငန်း ကဲ့သို့သော အသေးစား စီးပွားရေး လုပ်ကိုင်နေသူများ ဖြစ်ကြောင်း၊ ၎င်းတို့သည် ပြည်ဝင်ခွင့် အထောက်အထားများ မပြနိုင်ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးမှုများ ပြုလုပ်ရန် ဖေဖော်ဝါရီလ ၆ ရက်တွင် လူဝင်မှု ကြီးကြပ်ရေးဋ္ဌာနသို့ ပို့ဆောင်မည် ဖြစ်ကြောင်း၊ စစ်ဆေးမှုများ ပြုလုပ်ပြီးပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်းရင်းမြစ်အရ သိရသည်။

ပြီးခဲ့သော တစ်နှစ်တာ ကာလအတွင်း မြို့တော် ခတ္တမန္ဒူတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၄၀၀၀ ခန့် တရားမဝင် လာရောက်ကာ အလုပ်လုပ်ကိုင်လျက် ရှိသည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.