Connect with us

Asia

ဆာဗား၌ နစ်မြုပ်ခဲ့သော ကမ္ဘာလှည့်ခရီးသည်တင် စက်လှေ၏ လှေမောင်းသမားကို ထောက်ဒဏ် ၆ လ ချမှတ်

မလေးရှားနိုင်ငံ၌ စက်လှေတိမ်းမှောက်မှုဖြင့် အဖမ်းခံရသော လှေလုပ်သားနှစ်ဦးအား ရုံးထုတ်လာစဉ် (ဆင်ဟွာ)

ကိုတာကင်နဘလူး ၊ မလေးရှား ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ဆာဗားပြည်နယ် ပင်လယ်ပြင်၌ ပြီးခဲ့သော ရက်သတ္တပတ်က နစ်မြုပ်ခဲ့သည့် ကမ္ဘာလှည့်ခရီးသည်၂၈ ဦးလိုက်ပါသွားသော စက်လှေ၏ လှေမောင်းသမားကို ခရီးသည်အလွန်အကျွံ တင်ဆောင်မှု နှင့် လုံခြုံစိတ်ချမှုမရှိသော စက်လှေမောင်းနှင်မှုတို့ဖြင့် ထောင်ဒဏ် ၆ လချမှတ်လိုက်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၈ ရက်က ကမ္ဘာလှည့်ခရီးသည်တင် စက်လှေတိမ်းမှောက်စဉ် အသက် ၂၅ နှစ်အရွယ် လှေမောင်းသမား Sharezza Sslian bin Salian နှင့် အခြားလှေထိုးသားတစ်ဦးတို့ကို ပထမဦးဆုံးကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၊ ယင်းလှေတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ သုံးဦးသေဆုံးခဲ့ရကြောင်း သိရသည်။

ထို့ပြင် လှေတိမ်းမှောက်မှုကြောင့် တရုတ်နိုင်ငံသား ၅ ဦး နှင့် မလေးရှားနိုင်ငံသား လှေထိုးသား ၁ ဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

လှေပေါ်တွင် ကမ္ဘာလှည့်ခရီးသွား၂၈ ဦးထိ တင်ဆောင်လာဖွယ်ရှိကြောင်း တရားရုံးက ယုံကြည်နေပြီး ၊ အမှန်စင်စစ် ၎င်း စက်လှေသည် ခရီးသည် ၁၂ ဦးထက် တင်ဆောင်ရန် မသင့်ကြောင်း နှင့် Sharezza သည် ခရီးသည်အလွန်အကျွံတင်ဆောင်သည့် ပြစ်မှုကို ကျူးလွန်ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်လှေပိုင်ရှင် အသက် ၄၃ နှစ်အရွယ်ရှိ Leong Vin Jee ကို အာမခံပေးထားကြောင်း နှင့် ၎င်းအား လာမည့် ရက်သတ္တပတ်အတွင်း စတင်စစ်ဆေးသွားဖွယ်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.