Connect with us

Asia

ပျောက်ဆုံးနေသည့် ဆိုးလ်မြို့တော်ဝန်အား သေဆုံးလျက်တွေ့ရှိ

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန် ပတ်ဝန်ဆွန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန် ပတ်ဝန်ဆွန်း (Park Won-soon) ပျောက်ဆုံးနေကြောင်း ၎င်း၏သမီးက ဇူလိုင် ၉ ရက် ညနေပိုင်းက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ပြီးနောက် နာရီများစွာအကြာ သန်းခေါင်ယံဝန်းကျင်အချိန်၌ သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့အား ကိုးကား၍ ဒေသခံမီဒီယာများက သတင်းဖော်ပြခဲ့သည်။

ပတ်အား ဆိုးလ်မြို့ မြောက်ဘက် Bugaksan တောင်တွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အဖေက သေတမ်းစာလို စကားတွေချန်ထားခဲ့ပြီး လွန်ခဲ့တဲ့ လေး၊ ငါးနာရီလောက်အကြာက အိမ်ကထွက်သွားတယ်။ သူ့ဖုန်းကလည်း စက်ပိတ်ထားတယ်” ဟု ပတ်၏သမီးက ပြောကြားခဲ့ပြီး ဇူလိုင် ၉ ရက် ဒေသစံတော်ချိန် ညနေ ၅:၁၇ နာရီက ရဲတပ်ဖွဲ့ထံ လူပျောက်တိုင်ကြားခဲ့သည်။

ပတ်အား တွေ့ရှိခဲ့သည့် တောင်တွင် ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမား ၂၅၀ ခန့်၊ ဒရုန်းများနှင့် ရဲခွေးများဖြင့် ရှာဖွေခဲ့ကြောင်း သိရသည်။

မြို့တော်ဝန်သည် အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ပြီး ကျောပိုးအိတ်အနက်ရောင်ဖြင့် ဆိုးလ်မြို့လယ်ရှိ ၎င်း၏နေအိမ်မှ ဇူလိုင် ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀:၄၄ နာရီခန့်က ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

၎င်း၏ မိုဘိုင်းဖုန်း အချက်ပြမှုအား ဆိုးလ်မြို့ မြောက်ဘက်ရှိ ဘုရားကျောင်းတစ်ကျောင်းအနီးတွင် နောက်ဆုံးခြေရာခံမိခဲ့ကြောင်း သိရသည်။  (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117