Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ သတင်းမီဒီယာ က နျူကလီးယား ပိုင်ဆိုင်ရန် ဆောင်ရွက်ခြင်း သည် အချုပ်အခြာ အာဏာ နှင့် ရှင်သန်ခွင့် ရရှိရန် အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖော်ပြ

မြောက်ကိုရီးယား နိုင်ငံ က ပိုင်ဆိုင်ထားသည့် ဒုံးကျည် လက်နက်များအား စစ်ရေးပြ အခမ်းအနား တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ မတ် ၃ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီပိုင် သတင်းဌာန က မတ်လ ၇ ရက်နေ့၌ ဖော်ပြ ခဲ့သည့် သတင်းဆောင်းပါး တွင် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နျူကလီးယား နှင့် နျူကလီးယား လက်နက် ပိုင်ဆိုင်ရန် ဆောင်ရွက်ခြင်းသည် အမေရိကန် နိုင်ငံ ၏ နျူကလီးယား ခြိမ်းခြောက်မှု ကို ရင်ဆိုင်ရန် အတွက် ဖြစ်ပြီး အချုပ်အခြာ အာဏာ နှင့် ရှင်သန်ခွင့် ရရှိရန် အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

သတင်းဆောင်းပါး တွင် အမေရိကန် နိုင်ငံ အနေဖြင့် ဆယ်စုနှစ်ပေါင်း များစွာ မြောက်ကိုရီးယား နိုင်ငံ အပေါ် နျူကလီးယား ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ရွေးချယ်စရာ နည်းလမ်း မရှိဘဲ အမေရိကန် နိုင်ငံ ၏ ခြိမ်းခြောက်မှု အတိုင်းအတာ အဆက်မပြတ် တိုးမြှင့်လာချိန်တွင် မဖြစ်မနေ နျူကလီးယား လက်နက် ပိုင်ဆိုင်ရန် ဆောင်ရွက် ခဲ့ရခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ဆောင်းပါး တွင် မြောက်ကိုရီးယား နိုင်ငံ ၏ အချုပ်အခြာ အာဏာ ၊ မြောက်ကိုရီးယား လူမျိုး ၏ ဂုဏ်သိက္ခာ နှင့် လူသား တို့၏ အနာဂတ် အတွက် မြောက်ကိုရီးယား အနေဖြင့် စီးပွားရေး လုပ်ငန်း တည်ဆောက်မှု နှင့် နျူကလီးယား လက်နက် တည်ဆောက်မှု တို့ကို တစ်ပိုင်တည်း ဆောင်ရွက်မှုများ ပြုလုပ်သွားပြီး ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းရေး နှင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး အတွက် ခိုင်မြဲစွာ ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117