Connect with us

Asia

ပြည်ပ အကျဉ်းထောင်များတွင် အိန္ဒိယနိုင်ငံသား ၆,၅၀၀ ဦး ကျော် ရှိနေကြောင်း အိန္ဒိယ အစိုးရ ပြောကြား

အိန္ဒိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး VK Singh အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ပြည်ပနိုင်ငံ ၇၅ နိုင်ငံရှိ အကျဉ်းထောင်များ၌ လတ်တလော အိန္ဒိယနိုင်ငံသား ၆,၅၀၀ ဦး ကျော်ရှိနေကြောင်း၊ အများစုမှာ ဆော်ဒီအာရေဗျတွင် ဖြစ်ကြောင်း သိရသည်။

“စုစုပေါင်း အိန္ဒိယနိုင်ငံသား ၆,၅၆၇ ဦး ပြည်ပ အကျဉ်းထောင်များတွင် ရှိနေပြီး ၃၅၄ ဦးက ပြစ်ဒဏ်ကျခံပြီးလို့ နေရပ်ပြန်ရန် စောင့်ဆိုင်းနေတယ်” ဟု အိန္ဒိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး VK Singh က လွှတ်တော် သို့ ဇူလိုင်လ ၂၁ ရက်က ပြောသည်။
ဆောဒီအာရေဗျနိုင်ငံတွင် အိန္ဒိယနိုင်ငံသား ၁,၈၉၆ ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် ၇၆၄ ဦး၊ နီပေါ တွင် ၆၁၄ ဦး၊ အမေရိကန်တွင် ၅၉၅ ဦးနှင့် ပါကစ္စတန်နိုင်ငံ၌ ၅၁၈ ဦး စသဖြင့် အသီးသီး အကျဉ်းကျခံနေရ ကြောင်း သိရသည်။ ထို့ပြင် ကူဝိတ် အကျဉ်းထောင်တွင် ၃၂၅ ဦး၊ မလေးရှားတွင် ၂၉၃ ဦး၊ ဘာရိန်းတွင် ၂၃၅ ဦးနှင့် စင်ကာပူတွင် ၁၄၇ ဦး ရှိနေကြောင်း ဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။
အိန္ဒိယနိုင်ငံသည် နိုင်ငံပေါင်း ၄၂ နိုင်ငံနှင့် အကျဉ်းသား ဖလှယ်ရေးဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်များ အား လက်မှတ်ရေးထားကြောင်း Singh က ဆိုသည်။
သို့သော်လည်း အိန္ဒိယနိုင်ငံအတွင်း အမျိုးမျိုးသော ပြစ်မှုများဖြင့် ထိန်းသိမ်းထားသည့် နိုင်ငံခြားသား အရေ အတွက်ကိုမူ အိန္ဒိယ အစိုးရက ဖော်ပြထားခြင်း မရှိပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.