Connect with us

Asia

အိန္ဒိယ လေတပ်လေယာဉ် တစ်စီး ဘင်္ဂလား ပင်လယ်အော်အတွင်း ပျောက်ဆုံး

အိန္ဒိယနိုင်ငံလေတပ် (IAF) မှ AN-32 အမျိုးအစား လေယာဉ် တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

လူ ၂၉ ဦး တင်ဆောင်လာသော အိန္ဒိယလေတပ် (IAF) မှ လေယာဉ် တစ်စီးသည် ရာသီဥတု ဆိုးရွားမှုကြောင့် ဘင်္ဂလား ပင်လယ်အော်အတွင်း ပျောက်ဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ လေတပ် (IAF) မှ AN-32 လေယာဉ်သည် အိန္ဒိယနိုင်ငံ တောင်ပိုင်း Chennai မြို့ ရှိ Tambaram မြို့နယ်မှ ဘင်္ဂလားပင်လယ်အော်အတွင်း ရှိ Andaman နှင့် Nicobar ကျွန်းများ၏ မြို့တော် Port Blair သို့ ထွက်ခွာလာစဉ် ဒေသစံတော်ချိန် နံနက် ၈း၄၅ နာရီ၌ ရေဒါမှ ပျောက်ကွယ်သွားခဲ့ကြောင်း နှင့် အဆိုပါ လေယာဉ်သည် Port Blair မြို့သို့ ဒေသစံတော်ချိန် နံနက် ၁၁း၃၀ နာရီ ၌ ရောက်ရှိရမည် ဖြစ်သော်လည်း ရောက်ရှိလာခြင်း မရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ ရေတပ်၊ ကမ်းခြေစောင့်တပ်ဖွဲ့ နှင့် အိန္ဒိယနိုင်ငံ လေတပ် တို့က ကယ်ဆယ်ရေး နှင့် ရှာဖွေရေး လုပ်ငန်းများ အား ပူးပေါင်း လုပ်ဆောင်လျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.