Connect with us

Asia

အိန္ဒိယတွင် နေအိမ်ပြိုကျမှုကြောင့် လူ ၇ ဦး သေဆုံး

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မတ်ဒ်ဟာ ပရာဒတ်ရှ်ပြည်နယ်တွင် ၂၀၁၄ ခုနှစ်က နေအိမ်ပြိုကျမှု တစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မတ်ဒ်ဟာ ပရာဒတ်ရှ်ပြည်နယ်၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ နေအိမ် တစ်လုံး ပြိုကျခဲ့ရာ ကလေးငယ် ၄ ဦး အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆင့် မြင့် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါ မတော်တဆမှုသည် ယင်းပြည်နယ်ရှိ ဆာဂါ ခရိုင်၊ ရာဟတ်ဂါး နယ်မြေ၌ သြဂုတ်လ ၁၉ ရက် ညပိုင်းက ရွာသွန်းခဲ့သော မိုးကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သေဆုံး၊ ဒဏ်ရာရသူများသည် မိသားစု နှစ်စုမှ ဖြစ်ပြီး နံနက်အစောပိုင်း နေအိမ်ပြိုကျစဉ်တွင် အိပ်ပျော်နေခဲ့ကြောင်း၊ ဒဏ်ရာရသူ ၃ ဦးအနက် တစ်ဦးသည် အခြေအနေ စိုးရိမ်ရကြောင်း အမည်မဖော်လိုသူ အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ယင်း ပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီကတည်းက မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ခြင်း ဖြစ်သည်။ (Xinhua)