Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကွန်ဒိုတစ်လုံး၌ မီးလောင်မှုဖြစ်ပွား ၊ လူ တစ်ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ ရှိ လူနေကွန်ဒိုတွင် မီးလောင်မှုဖြစ်ပွားနေစဉ်(ဓာတ်ပုံ-အင်တာနက်)

မနီလာ ၊ ဧပြီ ၂၉ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ကွန်ဒိုအဆောက်အအုံတစ်လုံး၌ ယနေ့ဧပြီ ၂၉ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

မနီလာမြို့တော် မီးသတ်ဌာနက အမျိုးသမီး၏ ရုပ်အလောင်းကို Pacific Coast Plaza ကွန်ဒို၏ ၂၁ ထပ်တွင် ရှာဖွေ တွေ့ရှိခဲ့ကြောင်း ဆိုသည်။အဆိုပါမီးလောင်မှုမှာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၂ မိနစ်တွင်ဖြစ်ပွားခဲ့ကြောင်း ၊ ၁၈ ထပ်မှ စတင်လောင်ကျွမ်းခဲ့ပြီး ကွန်ဒို၏ ၂၁ ထပ်သို့လည်း မီးကူးစက်လောင်ကျွမ်းသွားကြောင်း ကနဦးစုံစမ်းစစ်ဆေးမှုအရ သိရသည်။အခင်းဖြစ်နေရာသို့မီးသတ်ကား အစီး ၁ဝဝ ရောက်ရှိလာပြီးမီးကြိုးစားငြှိမ်းသတ်ခဲ့ကြောင်း အပေါ်ဆုံးအထပ်များတွင် မီးခိုးငွေ့များထွက်ပေါ်နေကြောင်း သိရသည်။မီးလောင်မှုမှာ ၂ နာရီကျော် ကြာမြင့်ကြောင်း နှင့် ယခုအခါ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဆိုသည်။ မီးသတ်သမားများက မီးလောင်ကျွမ်းသော အထပ်များတွင် ထိခိုက်သေဆုံးသူရှိ မရှိ ဆက်လက်ရှာဖွေနေကြောင်းသိရသည်။မီးလောင်မှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မသိရှိရသေးပေ။(Xinhua)