Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ Lombokကျွန်းတွင် လှုပ်ခတ်ခဲ့သောမြေငလျင်ကြောင့် တောင်ပြိုမှု ဖြစ်ပွားရာ ရာနှင့်ချီသောတောင်တက်သမားများ ပိတ်မိနေ

Rinjani မီးတောင်ဥယျာဉ်၏ ခြေလျင်တောင်တက်လမ်းပြမြေပုံအား တွေ့ရစဉ်(ဓါတ်ပုံ- အင်တာနက်)

ဂျာကာတာ ၊ ဇူလိုင် ၃၀ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Lombokကျွန်းတွင် ဇူလိုင်လ ၂၉ ရက်က လှုပ်ခတ်ခဲ့သည့်မြေငလျင်ကြောင့် တောင်ပြိုမှုဖြစ်ပွားရာ ရာနှင့်ချီသော တောင်တက်သမားများ ပိတ်မိနေကြောင်း Rinjani မီးတောင် ဥယျာဉ် စီမံ ခန့်ခွဲရေးဌာနက ဇူလိုင်လ ၃၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

Rinjani မီးတောင် တောင်ပြိုမှုကြောင့် တောင်တက်လမ်းများ ပိတ်စို့မှု ဖြစ်ပွားခဲ့ရာ ရာနှင့်ချီသော တောင်တက်သမားများနှင့်ဧည့်လမ်းညွှန်များသည် မီးတောင်အဝအနီး ၂ နေရာတွင် ပိတ်မိနေကြောင်း ၊ ဇူလိုင် ၂၉ ရက်မှစ၍ Rinjani မီးတောင် ဥယျာဉ်၏တောင်တက်လမ်းအားလုံးအား တားမြစ်ပိတ်ပင် ထားပြီး ကယ်ဆယ်ရေးသမားများ၊ တပ်ဖွဲ့ဝင်များနှင့် ဥယျာဉ်ဝန်ထမ်းများ၊ ဒေသခံဆေးကုသရေး ဝန်ထမ်း များနှင့် စေတနာ့ဝန်ထမ်းအချို့ ပူးပေါင်း၍ ကူညီကယ်ဆယ်ရေးအဖွဲ့ ဖွဲ့ကာ ဇူလိုင်လ ၃၀ ရက် ဒေသစံတော်ချိန် ၇ နာရီခန့်က ကူညီရှာဖွေကယ်ဆယ်မှုများပြုလုပ်ရန် ထွက်ခွာသွားပြီဖြစ် ကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

မြေငလျင် လှုပ်ခတ်စဉ် တောင်ပေါ်တွင် တောင်တက်သမား ၈၂၀ ဦး ရှိကြောင်း ၊ ၎င်းတို့အနက် ၆၁၇ ဦး မှာ နိုင်ငံခြားသားများဖြစ်ကြောင်း ၊ ဇူလိုင်လ ၂၉ ရက် ဒေသစံတော်ချိန် ၁၃ နာရီ အချိန်အထိ လွတ်မြောက်လာသူ ၂၄၆ ဦးရှိကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၂၉ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။

Lombokကျွန်းတွင် ဇူလိုင် ၂၉ ရက်က လှုပ်ခတ်ခဲ့သည့် ပြင်းအား ၆.၄အဆင့်ရှိ အင်အားပြင်းငလျင် ကြောင့် သေဆုံးသူ ၁၄ ဦး၊ ဒဏ်ရာရသူ ၁၆၂ ဦးရှိပြီး အဆောက်အဦးပေါင်း ၁၀၀၀ကျော် ပျက်စီးခဲ့ ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအေဂျင်စီ၏ ထုတ်ပြန်သည့် စာရင်းများ အရ သိရသည်။

ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၇၂၆ မီတာ အမြင့်ရှိသော Rinjani မီးတောင်သည် Lombokကျွန်း၏ မြောက်အလယ်ပိုင်းတွင်ရှိပြီး အင်ဒိုနီးရှားနိုင်ငံ၏ ဒုတိယအမြင့်ဆုံးတောင်ဖြစ်သလို နာမည်ကျော် ခရီးသွားနေရာတစ်ခုလည်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.