Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် က အမေရိကန် နိုင်ငံ အား ရန်ပြုသည့် ဆောင်ရွက်မှု များ ရပ်တန့်ရန် ပြောကြား

မြောက်ကိုရီးယား နိုင်ငံ ၏ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံ ၏ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း က သြဂုတ်လ ၁၄ ရက်နေ့၌ Guam ကျွန်း ကို ဝန်းရံ တိုက်ခိုက်မည့် အစီရင်ခံစာ ကို ကြည့်ရှုပြီးနောက်တွင် အမေရိကန် နိုင်ငံ ၏ ရန်ပြုသည့် ဆောင်ရွက်မှု များ ရပ်တန့်ရန် ပြောကြားခဲ့ပြီး မြောက်ကိုရီးယား တပ်ဖွဲ့အား ပြန်လည် ပစ်ခတ်နိုင်ရန် အဆင်သင့် အနေထားတွင် တည်ရှိနေရမည် ဖြစ်ကြောင်း အမိန့်ပေးခဲ့သည်။

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ သြဂုတ်လ ၁၅ ရက်နေ့ က ဖော်ပြချက်အရ မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်း သည် သြဂုတ်လ ၁၄ ရက်၌ Guam ကျွန်း ဝန်းရံ တိုက်ခိုက်ရေး အစီရင်ခံစာ ကို ကြည့်ရှုခဲ့ပြီး လက်နက်တပ်ဖွဲ့ကို သွားရောက် စစ်ဆေးခဲ့ကြောင်း ၊ ကင်ဂျုံအမ်း က အမေရိကန် နိုင်ငံ မှ ဆက်လက်၍ Guam ကျွန်း အနီးတစ်ဝိုက်တွင် အန္တရာယ်များသော ဆောင်ရွက်မှု ပြုလုပ်ကာ မြောက်ကိုရီးယား နိုင်ငံ ၏ သီးခံနိုင်မှု ကို စမ်းသပ်ပါက မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ယခင် စီမံထားသည့် တုံ့ပြန်ဆောင်ရွက်မှု အစီအစဉ်များဖြင့် အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည် ဟု သိရှိခဲ့ရသည်။

ထို့ပြင် အမေရိကန် မှ အလွန်များပြားသော နျူကလီးယား လက်နက်များ ကို မြောက်ကိုရီးယား နိုင်ငံ အနီးတစ်ဝိုက်သို့ ရွေ့ပြောင်းနေမှု နှင့် ပတ်သက်၍ ကင်ဂျုံအမ်း က အမေရိကန် နိုင်ငံ အနေဖြင့် စစ်ရေး တိုက်ခိုက်မှု မဖြစ်ပွားစေရန် အတွက် မှန်ကန်သည့် ရွေးချယ်မှု ကို ဦးစွာ ပြုလုပ်ပြီး လက်တွေ့ဆောင်ရွက်မှု များပြုလုပ်ရန် လိုအပ်ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ တပ်ဖွဲ့တို့အား ပစ်ခတ်ရန် အသင့်အနေအထား ရှိနေရမည် ဖြစ်ပြီး အလုပ်သမား ပါတီ မှ ဆုံးဖြတ်ချက် ချလိုက်ပြီးလျင် ချက်ချင်း တိုက်ပွဲဝင် သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည် ဟု သိရှိခဲ့ရသည်။

မြောက်ကိုရီးယား နိုင်ငံ စစ်ဘက်ဆိုင်ရာ သည် သြဂုတ်လ ၁၀ ရက်နေ့၌ Guam ကျွန်း ဝန်းရံ တိုက်ခိုက်ရေး အစီရင်ခံစာ ကို ခေါင်းဆောင် ကင်ဂျုံအမ်း သို့ပေးပို့ခဲ့ပြီး အစီရင်ခံစာတွင် ဒုံးကျည်များဖြင့် Guam ကျွန်း အနီးတစ်ဝိုက် ၃၀ မှ ၄၀ ကီလိုမီတာ ရေပြင်များကို ပစ်ခတ်မှု များလည်း ပါဝင်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.