Connect with us

Asia

ခေတ်သစ် ပိုးလမ်းမကြီး အကောင်အထည်ဖော် ဆောင်ရွက်မှုက ဒေသတွင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်ကြောင်း APEC စီးပွားရေး အကြံပေးအဖွဲ့ ရှုမြင်

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့တွင် နိုဝင်ဘာလ ၄ ရက်မှ ၆ ရက်အထိ ပြုလုပ်သော APEC စီးပွားရေး အကြံပေးကောင်စီ (ABAC) အစည်းအဝေးအား တွေ့ရစဉ် (ဆင်ဟွာ)

ဒါနန်း၊ ဗီယက်နမ်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီး အကောင်အထည်ဖော် ဆောင်ရွက်မှုသည် ဒေသတွင်း အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည်ဟု APEC စီးပွားရေး အကြံပေးကောင်စီ (APEC Business Advisory Council= ABAC) က ရှုမြင်ကြောင်း ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ နိုဝင်ဘာလ ၆ ရက် ABAC တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ခေတ်သစ်ပိုးလမ်းမကြီးက အားလုံးအတွက် အလွန် အရေးကြီးပါတယ်။ APEC ဒေသတစ်လျှောက် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး နည်းလမ်းများအတွက် ကျွန်တော်တို့ (APEC အဖွဲ့ဝင်နိုင်ငံများ) ရှာဖွေနေပါတယ်။ ခေတ်သစ် ပိုးလမ်းမကြီး အကောင်အထည်ဖော် ဆောင်ရွက်မှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်” ဟု ABAC ၏ ကွန်ရက်ချိတ်ဆက်မှု လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ Anthony J.L. Nightingale က ABAC သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ABAC ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးအား နိုဝင်ဘာလ ၆ ရက်က အဆုံးသတ်ခဲ့သည်။ ခေတ်သစ် ပိုးလမ်းမကြီးသည် ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှု တိုးတက်စေမည်ဟု ယုံကြည်ကြောင်း၊ ယင်းသည် ဒေသတွင်း ပေါင်းစည်းမှု မြှင့်တင်ရေးနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒ အတားအဆီးများအား ဖယ်ရှားရေးအတွက် ABAC က ထုတ်ပြန်ကာ APEC စီးပွားရေး ခေါင်းဆောင်များထံ တင်ပြခဲ့သော အစီရင်ခံစာတွင် ပါရှိသော အကြံပြုချက် ၂၀ အနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။

APEC ၏ ကွန်ရက်ချိတ်ဆက်မှု အစီအစဉ်အား ထောက်ပံ့ခြင်းဖြင့် ဘက်စုံ ကုန်သွယ်ရေးစနစ် ထောက်ပံ့ခြင်း၊ အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ဒေသ တစ်ခု (FTAAP) တစ်ခု တည်ထောင်ရေး၊ MSME (Micro, Small and Medium enterprises) အခွင့်အလမ်းများအတွက် ငွေကြေး ထောက်ပံ့ခြင်းနှင့် ဘေးကင်းသော အစားအသောက်ရရှိရေး စသည်တို့သည် ABAC ၏ အကြံပြုချက်များတွင် ပါဝင်ကြောင်း သိရသည်။

ABAC အား ၁၉၉၅ ခုနှစ်တွင် APEC ခေါင်းဆောင်များက ဖွဲ့စည်း တည်ထောင်ခဲ့သည်။ APEC ခေါင်းဆောင်များ၏ ထောက်ခံချက်များကို ပြင်ဆင်ရန်အတွက် အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံစီမှ အဖွဲ့ဝင် သုံးဦးကျစီ တစ်နှစ်လျှင် လေးကြိမ် တွေ့ဆုံလေ့ ရှိသည်။APEC ခေါင်းဆောင်များနှင့် ပြုလုပ်မည့် ABAC ဆွေးနွေးပွဲအား နိုဝင်ဘာလ ၁၀ ရက်တွင် ပြုလုပ်မည် ဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်မှ ၁၁ ရက်အထိ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117