Connect with us

Asia

ဘန်ကောက် တိုက်ခန်း မီးလောင်၊ အနည်းဆုံး လူ ၃ ဦး သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ၁၄ ထပ် အဆောက်အအုံ မီးလောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ၁၄ ထပ်အဆောက်အအုံတစ်ခုတွင် ဧပြီလ ၃ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး လူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင် မီဒီယာက သတင်းဖော်ပြခဲ့သည်။

သေဆုံးသူများမှာ ထိုင်းလူမျိုး ၂ ဦးနှင့် ဗီယက်နမ်လူမျိုး ၁ ဦး ဖြစ်ကြောင်း ထိုင်းမီဒီယာ INN အရ သိရသည်။

မီးလောင်နေစဉ်အတွင်း လူပေါင်းများစွာ ပိတ်မိနေခဲ့ကြောင်း၊ မီးခိုးငွေ့ကြောင့် အသက်ရှူကျပ်သူ ၃၀ ကျော်အား ဒေသတွင်း ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးသည် ဒေသစံတော်ချိန် နံနက် ၂း၃၀ နာရီခန့်က Soi Phetchaburi ၁၈ လမ်းရှိ ၁၄ ထပ် အဆောက်အဦ၏ ငါးလွှာ လျှပ်စစ်ဝါယာကြိုး သိုလှောင်ခန်းအတွင်း စတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး အလွှာအားလုံးရှိ အခန်းတိုင်းသို့ မီးခိုးငွေ့ဖုံးလွှမ်းသွားခဲ့ကြောင်း တာဝန်ရှိသူများက ထင်မြင်ယူဆခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.