Connect with us

Asia

မလေးရှားနိုင်ငံ၌ ဆေးရုံမီးလောင်မှုဖြစ်ပွား ၆ ဦးသေဆုံး

မလေးရှားနိုင်ငံ ဂျိုဟိုးမြို့ ရှိ ဆေးရုံမီးလောင်မှုမြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ကွာလာလမ်ပူ ၊ အောက်တိုဘာ ၂၅ ရက်

မလေးရှားနိုင်ငံတောင်ပိုင်း ဂျိုဟိုးဘာရူးမြို့ရှိ ဆေးရုံတစ်ရုံတွင် အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားရာ ဆေးရုံပေါ်တွင်တက်ရောက်ဆေးကုသမှုခံယူနေသည့် လူနာ ၆ ဦးသေဆုံးသွားကြောင်း The Star သတင်းစာဖော်ပြချက်အရသိရသည်။

ဂျိုဟိုးမြို့ရှိ ဆူလ်တန်အမီနတ် ( Sultanah Aminah) ဆေးရုံ ဒုတိယထပ်ရှိ အရေးပေါ်လူနာဆောင်မှ စတင်မီးစွဲလောင်ခြင်း ဖြစ်ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွားချိန်တွင် အရေးပေါ်ခန်း၌ လူနာ ၇ ဦးတက်ရောက် ဆေးကုသလျက်ရှိကြောင်း သိရသည်။

မီးလောင်မှုကို ငြိမ်းသတ်နေစဉ်အတွင်း လူနာ ၆ ဦး၏ အလောင်း ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နှင့် မီးလောင် ဒဏ်ရာအပြင်းအထန်ရရှိထားသော အမျိုးသားလူနာတစ်ဦးကို နီးစပ်ရာ အခြား ဆေးရုံတစ်ရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဆေးရုံဝန်ထမ်း ၁ဝ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း နှင့် ၎င်းတို့အနက် ၂ ဦးကို နီးစပ်ရာဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုပေးထားကြောင်း မလေးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး S.Subramaniam က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ ထို့ပြင် ကယ်တင်ထားသော လူနာအားလုံးကိုလိုအပ်သည့် ဆေးဝါးကုသမှုများကို ပေးထားကြောင်း ထပ်မံဖော်ပြထားသည်။

မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း နှင့် ဆေးရုံအတွင်းရှိ လျှပ်စစ်ဆားကစ်ပြား အပူလွန်ကဲမှုရာမှတဆင့် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်နိုင်ကြောင်း ကနဦးရဲတပ်ဖွဲ့သက်သေခံချက်များအရ့တွေ့ရှိရကြောင်း Oriental Daily နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.