Connect with us

Asia

အိန္ဒိယတွင် ကုန်တင်ကားတစ်စီးမှ အိမ်တစ်လုံးအား အရှိန်လွန်ဝင်တိုက်မိ၍ လူ ၁၀ဦးသေဆုံး

အိန္ဒိယတွင် ကုန်တင်ကားတစ်စီးမှ အိမ်တစ်လုံးအား အရှိန်လွန်ဝင်တိုက်မိစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ် ရှိ နေအိမ်တစ်လုံး နှင့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်အား ကုန်တင်ကားတစ်စီးမှ အရှိန်လွန်၍ ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၁၀ဦးသေဆုံးပြီး အခြားလူ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပြည်နယ်မြို့တော် Bhopal မြို့ မှ ၃၀၀ ကီလိုမီတာ အကွာ Jabalpur မြို့ ရှိ Barela ဧရိယာတွင် ယင်းမတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြီးတန်းရဲတပ်ဖွဲ့ဝင် တစ်ဦးက ကုန်တင်ကားမောင်းသူသည် အရှိန်မထိန်းနိုင်ဘဲ လက်ဖက်ရည်ဆိုင်အား အရင်ဆုံးတိုက်မိပြီးနောက် နေအိမ်တစ်လုံးအား ထပ်မံတိုက်မိခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာ၌ပင် လူ၁၀ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများကို ဒေသတွင်း ဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ပြည်တွင်း ရုပ်သံလိုင်းများက ဒေါသထွက်နေသော လူအုပ်စုကြီးသည် လမ်းမပေါ်၌ ဆန္ဒပြနေပြီး ရဲတပ်ဖွဲ့၏ ဗင်ကာတစ်စီးအား မီးတင်ရှို့ခဲ့၍ လူစုခွဲရန် ရဲတပ်ဖွဲ့က ကြိုးစားလျက်ရှိကြောင်း ဖော်ပြခဲ့သည်။

တာဝန်ရှိသူက အုပ်ချုပ်ရေးထိပ်ပိုင်းတာဝန်ရှိသူများ နှင့် ရဲအရာရှိများ အခင်းဖြစ်ပွားရာသို့ ချက်ချင်းရောက်ရှိလာကြောင်း ပြောကြားခဲ့သည်။

ကုန်တင်ကားသည် နေအိမ်အတွင်း၌ ညပ်ကျန်ခဲ့သော်လည်း ကားမောင်းသမားသည် မတော်တဆမှုဖြစ်ပွား ပြီးနောက် အခင်းဖြစ်ပွားရာမှ ချက်ချင်း ထွက်ပြေးလွတ်မြောက်သွားကြောင်း နှင့် ၎င်းအား ယာဉ်မဆင်မခြင်မောင်းနှင်မှုဖြင့် ရဲတပ်ဖွဲ့ ရှာဖွေဖမ်းဆီးရန် ကြိုးပမ်းလျက်ရှိကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

၎င်းက ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.