Connect with us

Asia

အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ ပြင်းအား ၅.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၌ ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောပြမြေပုံအားတွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံမြောက်ပိုင်း Uttarkahand ပြည်နယ်၌ ဗဟိုပြု၍ ဖေဖေဝါရီလ ၆ ရက် ညပိုင်းက ပြင်းအား ၅.၈ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါ ငလျင်သည် ဖေဖော်ဝါရီလ ၆ ရက် ဒေသစံတော်ချိန် ည ၁ဝ နာရီ ၃၃ မိနစ်တွင် လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၅.၈ အဆင့်ရှိကြောင်း အိန္ဒိယနိုင်ငံ မိုးလေဝသဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

“ ငလျင်ဟာ Uttarkahand ပြည်နယ် Rudraprayag ခရိုင်အတွင်း မြောက်လတ္တီကျူ့ ၃ဝ.၅ ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ့၇၉.၁ ဒီဂရီအတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့တာပါ။ အဲဒီငလျင်ဟာ မြေအောက် အနက် ၃၃ ကီလိုမီတာမှာ ဗဟိုချက်ပြုခဲ့ပါတယ်” ဟုအိန္ဒိယနိုင်ငံ မိုးလေဝသဌာန၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

Rudraprayag ခရိုင်သည် Uttarkahand ပြည်နယ်မြို့တော် Dehradun မှ အရှေ့ဘက် ၁၈ဝ ကီလိုမီတာအကွာ၌ တည်ရှိသည်။ ၎င်းငလျင်သည် Uttarkahand ပြည်နယ်အပြင် အနီးနား ပြည်နယ်များနှင့် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီအထိ သက်ရောက်မှု ရှိခဲ့ကြောင်း သိရသည်။ ငလျင်ဒဏ်သင့်သော ဒေသများမှ ပြည်သူများသည် အထိတ်တလန့်ဖြင့် အဆောက်အအုံများ မှ အပြင်သို့ပြေးထွက်ခြင်း ၊ လမ်းမများပေါ်တွင် စုဝေးနေထိုင်ခြင်းများ ပြုလုပ်ခဲ့ရကြောင်း သတင်းများက ဆိုသည်။

ငလျင်နောက်ဆက်တွဲအဖြစ် အဆောက်အအုံများတွင် လုပ်ကိုင်နေကြသည့် ရုံးဝန်ထမ်းများအားလုံးသည် အပြင်ဖက်သို့အလျင်အမြန် ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း သိရသည်။ ငလျင်ကြောင့် ပြည်သူများ နေအိမ်အပြင်ဖက်သို့ထွက်လာပြီး လမ်းမများပေါ်တွင် စုဝေးရောက်ရှိနေပုံကို အိန္ဒိယရုပ်မြင်သံကြား သတင်းချန်နယ်များက ထုတ်လွှင့်ပြသခဲ့သည်။

လက်ရှိအချိန်ထိ ငလျင်ဒဏ်ကြောင့် လူသေဆုံးမှု နှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုစာရင်းကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း နီပေါနိုင်ငံ၌ ၂ဝ၁၅ ခုနှစ်တွင် လှုပ်ခတ်ခဲ့သော ပြင်းအား ၇.၈ အဆင့်ရှိ ငလျင်ဒဏ်ကြောင့် လူပေါင်း ၅ ထောင်သေဆုံးပြီး ၈ ထောင်ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.