Connect with us

Asia

ရဲဌာနချုပ်ဝင်းထဲ ပြေးဝင်လာသော အကြမ်းဖက်သမားနှစ်ဦးကို အင်ဒိုနီးရှားရဲတပ်ဖွဲ့လိုက်လံဖမ်းဆီးနေ

အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ရှိ ရဲဌာနချုပ်ရှေ့တွင် မတ် ၃၁ ရက် ညပိုင်းက အင်ဒိုနီးရှားအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအဖွဲ့က နေရာယူထားစဉ်(ဆင်ဟွာ)

ဂျကာတာ၊ဧပြီ ၁ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့ဌာနချုပ်ဝင်းထဲသို့ ပြေးဝင်သွားသော အကြမ်းဖက်သမားနှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း ပြည်တွင်းမီဒီယာ TVone ရုပ်သံလိုင်းက ဗုဒ္ဓဟူးနေ့ညပိုင်းတွင် ထုတ်လွှင့်ခဲ့သည်။

စစ်သွေးကြွနှစ်ဦးနှင့်အတူ အမျိုးသမီးတစ်ဦးလည်း ရဲဌာနချုပ်ဝင်းထဲသို့ ဝင်ရောက်လာခဲ့ကြောင်း နှင့် ယင်းအမျိုးသမီးအား ရဲတပ်ဖွဲ့က အသေပစ်သတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ရှိ ရဲဌာနချုပ်ရှေ့တွင် မတ် ၃၁ ရက် ညပိုင်းက အင်ဒိုနီးရှားအကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအဖွဲ့က နေရာယူထားစဉ်(ဆင်ဟွာ)
ရဲစခန်းအဆောက်အဦများ အပြင်ဘက်တွင် အပစ်ခံရပြီး သေဆုံးနေသောအမျိုးသမီး၏ ရုပ်အလောင်းကို ရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့သည်။

ယင်းအမျိုးသမီးသည် ပစ္စတိုသေနတ်တစ်လက်ကို ကိုင်ဆောင်ထားပြီး ရဲတပ်ဖွဲ့ဝင်များအား ချိန်ရွယ်ခဲ့ကြောင်း သိရသည်။ ပစ်ခတ်သံများကို ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၀ မိနစ်တွင် ပထမဦးဆုံး ကြားခဲ့ရကြောင်း သိရသည်။ (Xinhua)
—————————————
(English Version)
Indonesian police hunt two other terrorists in compound of national police headquarters
JAKARTA, April 1 (Xinhua) — Police personnel are still hunting two other terrorists who have entered the compound of Indonesia’s national police headquarters here, local media TVone reported on Wednesday.
The two militants entered the compound along with a woman who has been shot dead by police.
A television footage showed the body of the woman after being shot dead by the police outside the buildings.
The woman carried a pistol and pointed the gun to the policemen. The shootings were first heard at 16: 50 p.m. local time.
1- Indonesian anti-terror squad stand guard in front of the Indonesian Police headquarters in Jakarta, Indonesia, March 31, 2021. (Xinhua/Zulkarnain)

2- Indonesian anti-terror squad stand guard in front of the Indonesian Police headquarters in Jakarta, Indonesia, March 31, 2021. (Xinhua/Zulkarnain)