Connect with us

Asia

အင်ဒိုနီးရှားရဲတပ်ဖွဲ့က အသေခံဗုံးခွဲမှုနှင့်ဆက်စပ်၍ သံသယရှိသော အကြမ်းဖက်သမား သုံးဦးကို ဖမ်းမိ

အကြမ်းဖက်သံသယတရားခံများဖမ်းဆီးရမိသော နေရာဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ မတ် ၂၉ ရက်တွင် လုံခြုံရေး ဆောင်ရွက်နေသော အင်ဒိုနီးရှားရဲတပ်ဖွဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအဖွဲ့မှ အရာရှိများအားတွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ မတ် ၃၀ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံရဲတပ်ဖွဲ့က ၎င်းတို့၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးတပ်ဖွဲ့(Densus 88) အနေဖြင့် အနောက်ဂျာဗားပြည်နယ် Bekasi ခရိုင်တွင် အကြမ်းဖက်သံသယရှိသူတစ်ဦး နှင့် အရှေ့ဂျာဗားပြည်နယ် အုပ်ချုပ်ရေးမြို့တော်၏ Kramat Jati ခရိုင်တွင် အခြား အကြမ်းဖက်သံသယရှိသူနှစ်ဦးကို မတ် ၂၉ ရက်တွင် အသီးသီး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

Bekasi ခရိုင်အတွင်း ဖမ်းဆီးမှုနှင့်ပတ်သက်၍ ဂျကာတာမြို့တော် ရဲတပ်ဖွဲ့ရဲမှူးချုပ် Fadil Imran က “ ဗုံး နဲ့ ဖောက်ခွဲရေးပစ္စည်းတွေရဲ့ ပိုင်ရှင်ကို ဖမ်းဆီးရမိထားပါတယ်” ဟု ဆိုသည်။Kramat Jati ခရိုင်အတွင်းဖမ်းဆီးမှုတွင် သံသယတရားခံ အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး ကို တစ်ပတ်ရစ် ကားအရောင်းပြခန်း တွဲလျက် ဖွင့်လှစ်ထားသော ၎င်းတို့၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သံသယတရားခံများဖမ်းဆီးရမိသည့် နေရာဖြစ်သော အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ မတ် ၂၉ ရက်တွင် သက်သေခံပစ္စည်းများ သိမ်းဆည်းနေသော အင်ဒိုနီးရှားရဲတပ်ဖွဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးအဖွဲ့မှ အရာရှိများအားတွေ့ရစဉ်(ဆင်ဟွာ) 

ယင်းဖြစ်စဉ်နှစ်ခုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ပြီးခဲ့သော တနင်္ဂနွေနေ့က အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေဆီပြည်နယ် Makassar မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ကျူးလွန်သူနှစ်ဦးသေဆုံးကာ အခြားလူ ၁၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)

——————————————
(English Version)

Indonesian police arrest 3 suspected terrorists following suicide attack

JAKARTA, March 30 (Xinhua) — The Indonesian police said that its anti-terror squad Densus 88 on Monday arrested a suspected terrorist in West Java Province’s Bekasi district and two others in Kramat Jati district of the administrative city of East Jakarta.
On the arrest made in Bekasi, the Jakarta police’s Chief Inspector General Fadil Imran said, “We have arrested a suspected owner of the bomb and explosives.”

In Kramat Jati, a man and a woman were arrested at a house with a second-hand car showroom.
Further investigations are underway into the two cases.
On Sunday, a suicide bomb exploded at a cathedral church in Makassar city of South Sulawesi province, killing the two perpetrators and injuring 19 other people.■

(1)Indonesian police anti-terrorism officers stand guard behind cordon lines at the site where suspected terrorists were arrested in East Jakarta, Indonesia, March 29, 2021. (Photo by Dasril Roszandi/Xinhua)
(2) Indonesian police anti-terrorism officers collect evidences from the site where suspected terrorists were arrested in East Jakarta, Indonesia, March 29, 2021. (Photo by Dasril Roszandi/Xinhua)