Connect with us

Asia

အကြမ်းဖက်မှု နှင့် နယ်စပ်ငြိမ်းချမ်းရေး အတွက် ပါကစ္စတန် နှင့် အိန္ဒိယ လုံခြုံရေး အကြံပေး အရာရှိများ ဆွေးနွေး

အိန္ဒိယ နှင့် ပါကစ္စတန် နယ်စပ်တွင် အိန္ဒိယနိုင်ငံ မှ တပ်မတော်သားများ လုံခြုံရေး အတွက် ကင်းလှည့် ဆောင်ရွက်နေစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ပါကစ္စတန် နှင့် အိန္ဒိယ ထိပ်တန်း လုံခြုံရေး အကြံပေး အရာရှိများသည် ဘန်ကောက်မြို့တွင် ဒီဇင်ဘာလ ၆ ရက်နေ့က တွေ့ဆုံ၍ အကြမ်းဖက်မှု ပူးပေါင်း တိုက်ဖျက်ရေး အပါအဝင် ကျယ်ပြန့်သည့် ကိစ္စများ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ပဲရစ်တွင် ရာသီဥတု ပြောင်းလဲရေး ညီလာခံ၌ ပါကစ္စတန် ဝန်ကြီးချုပ် နာဝက်ဇ် ရှာရစ်ဖ် နှင့် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီတို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ထိုကဲ့သို့ လုံခြုံရေး အကြံပေး အရာရှိများ တွေ့ဆုံကြခြင်း ဖြစ် သည်။

နှစ်နိုင်ငံ လုံခြုံရေး အကြံပေးများသည် အစ္စလာမ်မာဘတ်၌ ဒေသဆိုင်ရာ အရေးပါသည့် ညီလာခံ အကြိုတွေ့ဆုံ ကြခြင်း ဖြစ်ပြီး ထိုညီလာခံ၌ ဒေသအတွင်း ငြိမ်ချမ်းရေးနှင့် လုံခြုံရေး ကိစ္စများ ဆွေးနွေးကြမည် ဖြစ်သည်။

ဒီဇင်ဘာလ ၈ ရက်၊ ၉ ရက်တွင် ကျင်းပမည့် The Heart of Asia-Istanbul Process ညီလာခံသို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆူ့ရှ်မာ ဆဝါ့ချ် (Sushma Swaraj) လည်း တက်ရောက်ရန် ရှိပါသည်။
၎င်း၏ ပါဝင်မှုသည် စိုးရိမ်ဖွယ် နှင့် နျူကလီးယား လက်နက်ကိုင် အိမ်နီးချင်း နိုင်ငံများ အကြား တင်းမာမှုအား လျှော့ချ ကူညီပေး ရာတွင် အရေးပါသည်ဟု ဆိုသည်။
ဆွေးနွေးမှုများသည် ပွင့်လင်း လှိုက်လှဲမှုရှိပြီး အပြုသဘောဆောင်တဲ့ အခြေအနေများ ရှိကာ ဂျန်မူးနဲ့ ကက်ရှမီး ယား ဒေသများမှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ အကြမ်းဖက်မှု အတွက် အကာအကွယ် ဖြစ်နိုင်သလို နယ်စပ် ဒေသ ငြိမ်သက် အေးချမ်းရေး အတွက် ထိန်းချုပ်သွားနိုင်မည် ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ပြောသည်။
နှစ်ဘက်လုံး အနေဖြင့် အပြု သဘောဆောင်သည့် စေ့စပ်ညှိနှိုင်း မှုများအား ရှေ့ဆက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သဘောတူခဲ့ပြီး ငြိမ်းချမ်းမှု တည်ငြိမ်မှု နှင့် တောင်အာရှ၏ ကြွယ်ဝချမ်းသာမှုများ အတွက် နှစ်ဘက် အမျိုးသား လုံခြုံရေး အကြံပေးများကို နှစ်ဘက် ခေါင်းဆောင်များ၏ အမြင်များက လမ်းညွှန်ပေးသွား မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.