Connect with us

Asia

ပါကစ္စတန် နိုင်ငံ ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆောင်ရွက်မှု တွင် တိုးတက်မှု ရရှိခဲ့ပြီး အကြမ်းဖက်သမား ၁၀၈ ဦးကို ပစ်သတ်ခဲ့

ပါကစ္စတန် နိုင်ငံ စစ်တပ် တပ်ဖွဲ့ဝင် တို့ လုံခြုံရေး လုပ်ငန်း ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အကြမ်းဖက်မှု နှိမ်နင်းရေး ဆောင်ရွက်မှု “Radd-ul-Fasaad” စစ်ဆင်ရေးတွင် တိုးတက်မှုများ ရရှိနိုင်ခဲ့ပြီး လက်ရှိချိန်ထိ အကြမ်းဖက်သမားပေါင်း ၁၀၈ ဦးကို အသေရမိ နိုင်ခဲ့ကြောင်း ဧပြီလ ၁၇ ရက်နေ့ ကထုတ်ပြန်ခဲ့သည်။

ပါကစ္စတန် စစ်ဘက်ဆိုင်ရာ ပြန်ကြာရေး ဌာန ဌာနမှူး Asif Ghafoor က စစ်ဆင်ရေး ဆောင်ရွက်ချိန်မှ စတင်၍ ပါကစ္စတန် စစ်တပ်တပ်ဖွဲ့ နှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာ ဌာန တို့သည် တစ်နိုင်ငံလုံးတွင် အကြမ်းဖက်မှု ရှင်းလင်းရေး ဆောင်ရွက်မှုပေါင်း ၄၀၀၀ ကျော်ကို ဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်သမား ၁၀၈ ဦးကို ပစ်သတ်ခဲ့ကြောင်း ၊ အကြမ်းဖက် အဖွဲ့ဝင်ဟု သံသယ ရှိသူ ၄၅၀၀ ကျော်ကို ဖမ်းဆီး နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကို သိမ်းဆီး နိုင်ခဲ့ကြောင်း ၊ စစ်ဆင်ရေး ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်သမား များနှင့် ၎င်းတို့အားထောက်ခံကူညီသူများအားလုံးရှင်းလင်းနိုင်သည့် အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Asif Ghafoor က ပါကစ္စတန် နိုင်ငံ နှင့် အာဖဂန်နစ္စတန် နိုင်ငံ နယ်စပ် ထိန်းချုပ်ရေး သည် လွန်စွာအရေးကြီးကြောင်း ၊ ပါကစ္စတန် နိုင်ငံ အနေဖြင့် လက်ရှိချိန်တွင် နိုင်ငံအနောက်မြောက်ပိုင်း နယ်စပ် တစ်လျှောက်တွင် ခြံစည်းရိုးအကာများကို တည်ဆောက်ပြုပြင်နေပြီး ဆက်လက်၍ နိုင်ငံ အနောက်တောင်ပိုင်းတွင်လည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် ပါကစ္စတန် နိုင်ငံ ၌ အကြမ်းဖက် တိုက်ခိုက်မှု အကြိမ်ကြိမ် ဖြစ်ပွား ခဲ့ပြီး လူပေါင်း ၁၁၉ ဦး သေဆုံးခဲ့ကာ ရာနှင့်ချီသော သူများ ဒဏ်ရရှိခဲ့သည်။ပါကစ္စတန် စစ်ဘက် ဆိုင်ရာ က ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာ “Radd-ul-Fasaad” ဟူသည့် အမည်ဖြင့် အကြမ်းဖက် နှိမ်နင်းမှု စစ်ဆင်ရေးကို စတင်ခဲ့ပြီး အကြမ်းဖက်ဝါဒ အင်အားစု တို့၏ လက်ကျန် နှင့် ပုန်းအောင်း နေသည့် အင်အား အဖွဲ့အစည်း တို့အား ရှင်းလင်းသည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.