Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံရှိ လှုပ်ရှားမှုအရှိဆုံးမီးတောင်က ပြာများနှင့် အဆိပ်ရှိသော ဓာတ်ငွေ့များ မှုတ်ထုတ်

ပေါက်ကွဲမှုဖြစ်ပွားနေသည့် မီးတောင်ဝအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ၊ မေ ၂၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းရှိ လှုပ်ရှားမှုအရှိဆုံး မီးတောင် Merapi က မေလ ၂၄ ရက်အစောပိုင်းတွင် ပေါက်ကွဲခဲ့ပြီး ပြာတန်းကြီးမှာ ကောင်းကင်သို့ မီတာ ၆၀၀၀ အမြင့်ထိ ရောက်ရှိခဲ့ကြောင်း အမျိုးသား မီးတောင်ပညာဆိုင်ရာ အေဂျင်စီ အကြီးအကဲ Kasbani က ပြောကြားခဲ့သည်။

မီးတောင်ပေါက်ကွဲမှုမှာ မေလ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၂း၅၅ နာရီတွင်ဖြစ်ပွားခဲ့ပြီး မီးတောင်ဝမှ ဟိုက်ဒရိုဂျင် ဆာလ်ဖိုဒ် (H2S) နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် (CO2) ကဲ့သို့ အဆိပ်ရှိဓာတ်ငွေ့များ ထွက်ရှိခဲ့ကြောင်း Kasbani က ဆိုသည်။

“မီးတောင်မှ ဓာတ်ငွေ့များက မီးတောင်ဝ အနီးဝန်းကျင်မှာ အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အချင်းဝက် ၃ ကီလိုမီတာပတ်လည်အတွင်း သွားလာခြင်းကို ကန့်သတ်ထားပါတယ်။ ဒီဓာတ်ငွေ့တွေက ပူပြီးတော့ ဓာတ်ငွေ့ထွက်လာဖို့ ဖိအားဖြစ်လာစေပါတယ်” ဟု ၎င်းက ဆင်ဟွာအား တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။

ဒေသတွင်း အနီးဝန်းကျင်မှာ နေထိုင်သူတွေကို ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ခြင်းအပါအဝင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ဖို့ အကြံပြုထားကြောင်း သိရသည်။

“လေတိုက်လာရင် ပြာတွေက မီးတောင်ဝကနေ အဝေးကို ပျံ့နှံ့သွားနိုင်တယ်” ဟု Kasbani က ပြောခဲ့သည်။

မေလ ၂၂ ရက်ကလည်း မီးတောင်ပေါက်ကွဲမှုကြောင့် လူပေါင်း ၆၆၀ ခန့် ထွက်ပြေးခဲ့ရကြောင်း အမျိုးသားသဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းထံမှ သိရသည်။

Merapi မီးတောင်သည် အင်ဒိုနီးရှားနိုင်ငံ၏ မီးတောင်ရှင် ၁၂၉ ခုအနက် တစ်ခုဖြစ်ပြီး ၁၉၄၈ ခုနှစ်ကစ၍ ပုံမှန်ပေါက်ကွဲလေ့ရှိခဲ့သည်။ ၁၉၉၄ ခုနှစ် နိုဝင်ဘာလက ပေါက်ကွဲမှုကြီးဖြစ်ပွားပြီး ချော်ရည်များ စီးဆင်းကာ လူ ၂၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ နောက်ထပ် ပေါက်ကွဲမှုကြီးတစ်ခုမှာ ၂၀၀၆ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.