Connect with us

Asia

အင်ဒိုနီးရှား အနောက်ပိုင်း၌ စက်လှေတိမ်းမှောက်မှုဖြစ်ပွားရာ ၇ ဦးပျောက်ဆုံးနေ

အင်ဒိုနီးရှားနိုင်ငံ၌ သြဂုတ်လ ၂၁ ရက်က စက်လှေတစ်စင်းတိမ်းမှောက်သွားသည်ကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက သွားရောက်ကယ်ဆယ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဂျကာတာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဂျာဗားပြည်နယ်၌ လူဒါဇင်ပေါင်းများစွာလိုက်ပါလာသည့် စက်လှေတစ်စင်း တိမ်းမှောက်သွားရာ လူပေါင်း ၇ ဦးပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီမှ အရာရှိတစ်ဦးက အောက်တိုဘာလ ၈ ရက်နံနက်အစောပိုင်းက ပြောကြားခဲ့သည်။

တူဘန်(Tuban) နှင့် လမွန်ဂန်( Lamongan) ခရိုင်နှစ်ခုကြား ထိစပ်နေသော ဘန်ဂါဝန်ဆိုလို မြစ်အတွင်း၌ အောက်တိုဘာလ ၇ ရက်တွင် စက်လှေတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းလှေပေါ်တွင် ခရီးသည် အလွန်အကျွံတင်ဆောင်ထားခြင်းကြောင့် တိမ်းမှောက်ရခြင်းဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီမှ ပြောခွင့်ရ ပုဂ္ဂိုလ် Sutopo Purwo Nugroho က ဆင်ဟွာသတင်းဌာန အား တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် လူပေါင်း ၁၈ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း နှင့် အခြားပျောက်ဆုံးနေသော ၇ ဦးကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ရေနက်ပိုင်းတွင် မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်စွမ်းနည်းပါးနေခြင်းက ရှာဖွေရေး နှင့် ကယ်ဆယ်ရေးလုပ်ငန်းအတွက် အတားအဆီးဖြစ်နေကြောင်း Sutopo က ဖြည့်စွက်ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍတွင် စက်လှေသည် အရေးပါသောနေရာတွင်ရှိနေသော်လည်း လုံခြုံရေးစံနှုန်းမပြည့်မီခြင်းကြောင့် မတော်တဆမှုများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.