Connect with us

Asia

ဆမ်ဆောင်းက Note 7 ဖုန်းများ ဈေးကွက်မှ ပြန်သိမ်းခဲ့ရသော်လည်း လုပ်ငန်း အမြတ်အစွန်း မြင့်တက်ခဲ့ဟု ဆို

ဆမ်ဆောင်း Galaxy Note 7 ဖုန်း အားသွင်းစဉ် ပေါက်ကွဲမှု ဖြစ်ပွားခြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ဆမ်ဆောင်း အီလက်ထရောနစ်က Galaxy Note 7 စမတ်ဖုန်းများအား ကမ္ဘာ့ဈေးကွက်မှ ပြန်လည် သိမ်းဆည်းခဲ့ရသော်လည်း တတိယ သုံးလပတ်၌ ၎င်းတို့၏ လုပ်ငန်း အမြတ်အစွန်းမှာ မြင့်တက်ခဲ့ကြောင်း ကုမ္ပဏီက အောက်တိုဘာလ ၇ ရက်က ပြောကြားခဲ့သည်။

တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီသည် ဇူလိုင်လမှ စက်တင်ဘာလ အထိ လုပ်ငန်း အမြတ်အစွန်းသည် ဝမ် ၇.၈ ထရီလီယံ (အမေရိကန် ဒေါ်လာ ၇ ဘီလီယံ) ရှိခဲ့ကြောင်းနှင့် မနှစ်က အလားတူ ကာလကထက် ၅.၅၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း ပြီးခဲ့သည့် လပတ်က အမြတ်အစွန်းသည် ဝမ် ၈.၁၄ ထရီလီယံရှိခဲ့သဖြင့် ယခုပမာဏမှာ ၄.၁၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ ထိုကျဆင်းသည့် ပမာဏသည် နှစ်နှစ်ကျော်ကာလအတွင်း အကြီးမားဆုံး ကျဆင်းမှု ဖြစ်သည်။

Galaxy Note 7 စမတ်ဖုန်းများသည် အားသွင်းနေစဉ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီးနောက် လေကြောင်းလိုင်းများက ခရီးသည်များအား အဆိုပါ ဖုန်းများ ကိုင်ဆောင်ခြင်းအား တားမြစ်ထားသည်။ အမေရိကန် စားသုံးသူ ထုတ်ကုန် ဘေးကင်းရေး ကော်မရှင်အဆိုအရ အမေရိကန်နိုင်ငံတွင် ဘက်ထရီ အပူလွန်ကဲမှု ၉၂ ခုရှိကြောင်း၊ ယင်းအနက် ၂၆ မှုသည် ဘက်ထရီ လောင်ကျွမ်းခဲ့ပြီး ၅၅ မှုမှာ ဘက်ထရီ ပျက်စီးမှု ဖြစ်ခဲ့ကြောင်း သိရသည်။

ဆမ်ဆောင်းအနေဖြင့် စက်တင်ဘာလ အစောပိုင်းက ကမ္ဘာတစ်ဝန်းရှိ Galaxy Note 7 ဖုန်း ၂.၅ သန်း ပြန်လည် သိမ်းယူခဲ့သည်။ ယင်းသို့ ဖုန်းများ ပြန်လည် သိမ်းယူရသည့်အတွက် ဆမ်ဆောင်းအနေဖြင့် ဝမ် ၁ ထရီလီယံ ဆုံးရှုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.