Connect with us

Asia

တပ်ပိုင်းဆိုင်ရာဆက်ဆံရေးတိုးမြှင့်စေရန် တရုတ် ရေတပ်သင်္ဘော အုပ်စု မလေးရှားသို့ချစ်ကြည်ရေးခရီး သွားရောက်


မလေးရှား၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်-မလေးရှားနှစ်နိုင်ငံ စစ်တပ်အချင်းချင်းကြား ဆက်ဆံရေးတိုးတက်ခိုင်မာစေရန် ရည်ရွယ်၍ တရုတ်နိုင်ငံမှ ရေတပ်သင်္ဘောအုပ်စုသည် လေးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် မလေးရှားနိုင်ငံ ကလန်းဆိပ်ကမ်းသို့အောက်တိုဘာ ၇ ရက်က ရောက်ရှိလာကြောင်း သိရသည်။

တရုတ်နိုင်ငံ လွတ်မြောက်ရေးတပ်မတော်(PLA) ၏ ရေတပ်မတော်မှ ရှန်းထန်(Xiangtan) ၊ ကြိုးစန်း (Zhoushan) နှင့် ချောင်ဟူ(Chaohu) စစ်င်္ဘောများလိုက်ပါလာသည့် အမှတ်စဉ် ၂၃ ရေယာဉ်ကာကွယ်ရေး တပ်ဖွဲ့ သင်္ဘောအုပ်စုသည် အေဒင်ပင်လယ်ကွေ့၌ ရေကြောင်းဆိုင်ရာ ကာကွယ်ရေး လုပ်ငန်းများ တာဝန်ထမ်းဆောင်ပြီးနောက်တွင် မလေးရှားနိုင်ငံသို့ဆိုက်ရောက်လာခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ ကလန်းဆိပ်ကမ်းသို့ရောက်ရှိလာသော တရုတ်ရေတပ် သင်္ဘောအုပ်စုအား တွေ့ရစဉ် (ဆင်ဟွာ)

မလေးရှားနိုင်ငံ ကလန်းဆိပ်ကမ်းသို့ရောက်ရှိလာသော တရုတ်ရေတပ် သင်္ဘောအုပ်စုအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ စစ်င်္ဘောအုပ်စုကို မလေးရှားနိုင်ငံရှိ တရုတ်လူမှုအသိုင်းအဝိုင်း ခေါင်းဆောင်များ နှင့် မလေးရှားနိုင်ငံ၌ နေထိုင်နေကြသော တရုတ်လူမျိုးများကကြိုဆိုခဲ့ကြကြောင်း သိရသည်။

ရေတပ်သင်္ဘောအုပ်စုအလည်ပတ်ခရီးစဉ်သည် တရုတ်-မလေးရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို တိုးတက်စေရန် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ရေယာဉ်ကာကွယ်ရေး တပ်ဖွဲ့တပ်ဖွဲ့မှူး ဗိုလ်မှူးကြီး ဝမ်ဟုန်လီ (Wang Hongli) က ပြောသည်။

“ တရုတ် နဲ့မလေးရှားဟာ ရင်းနှီးချစ်ခင်ကြတဲ့ အိမ်းနီးနားချင်းတွေပါ။ နှစ်နိုင်ငံအကြား နှင့် နှစ်နိုင်ငံစစ်တပ် အချင်းချင်းအကြား မကြာခဏဆိုသလို အပြန်အလှန်ပူးပေါင်းဖလှယ်ရေးနှင့် ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ချစ်ကြည်ရေးခရီးစဉ်အတွင်း တရုတ်စစ်င်္ဘောများပေါ်သို့မလေးရှားပြည်သူများ တက်ရောက်လည်ပတ်နိုင်ရန် ဖွင့်လှစ်ထားပေးမည်ဖြစ်ပြီး သင်္ဘောအမှုထမ်းများသည် ဒေသဆိုင်ရာ လူမှု အဖွ ဲ့အစည်း နှင့် အပြန်အလှန်ထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.