Connect with us

Asia

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး က အောက်တိုဘာလ တွင် မြောက်ကိုရီးယား နိုင်ငံ သို့ သွားရောက်လည်ပတ်မည်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က အောက်တိုဘာလ တွင် မြောက်ကိုရီးယား နိုင်ငံ သို့ သွားရောက်လည်ပတ်မည် ဖြစ်ပြီး အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များ စင်ကာပူ တွေ့ဆုံဆွေးနွေးမှု တွင် ကတိပြုခဲ့သည့် အချက်များ လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် တွန်းအား ပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက် ၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန က ထုတ်ပြန် ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က စက်တင်ဘာ ၂၆ ရက် ၌ အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တို့ နယူးယောက် မြို့တွင် တွေ့ဆုံ ခဲ့ကြပြီး မြောက်ကိုရီးယား နိုင်ငံ သို့ လာရောက် လည်ပတ်ရန် ဖိတ်ခေါ်မှု ကို နိုင်ငံခြားရေး ဝန်ကြီး က လက်ခံခဲ့ကာ အောက်တိုဘာလ တွင် သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း ၊ မြောက်ကိုရီးယား နိုင်ငံ ခရီးစဉ် အတွင်း နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ ကတိ ပြုခဲ့သည့် အချက်များ လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ပြီး စစ်ဆေးပြီး လက်တွေ့ အတည်ပြု နိုင်သည့် ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ကို အကောင်အထည် ဖော်ကာ နှစ်နိုင်ငံ ခေါင်းဆောင်များ ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှု အတွက် ပြင်ဆင်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က စက်တင်ဘာ ၂၆ ရက် ၌ သတင်းမီဒီယာ ၏ တွေ့ဆုံမှု ကို ဖြေကြားရာတွင် အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင် တို့ အနေဖြင့် အောက်တိုဘာလ တွင် တွေ့ဆုံသွားဖွယ်ရှိပြီး မိမိ အနေဖြင့်လည်း ရက်အနည်းငယ် အတွင်း မြောက်ကိုရီးယား နိုင်ငံ သို့ သွားရောက်၍ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက် ကာ နှစ်နိုင်ငံ ခေါင်းဆောင်များ ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှု တွင် အောင်မြင်မှုများ ရရှိရန် အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် မှလည်း အမေရိကန် နှင့် မြောက်ကိုရီးယား နိုင်ငံ ခေါင်းဆောင် တို့ ယခု နှစ် မကုန်မီ တွေ့ဆုံမှု ပြုလုပ်သွားဖွယ်ရှိကြောင်း စက်တင်ဘာ ၂၅ ရက် ၌ ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း တို့ က ယခုနှစ် ဇွန်လ ၁၂ ရက် တွင် စင်ကာပူ နိုင်ငံ ၌ တွေ့ဆုံခဲ့ကြပြီး ပူးတွဲကြေညာချက် ရေးထိုး ထုတ်ပြန်ခဲ့သည်။ ကြေညာချက် အရ နှစ်နိုင်ငံ အနေဖြင့် ဆက်ဆံရေး အသစ် နှင့် ကိုရီးယား ကျွန်းဆွယ် ရေရှည်တည်ငြိမ်အေးချမ်းရေး အတွက် ကြိုးပမ်း တည်ဆောက် သွားမည် ဖြစ်ပြီး ဒေါ်နယ်ထရမ့် က မြောက်ကိုရီးယား နိုင်ငံ လုံခြုံရေး အတွက် အာမခံချက် ထောက်ပံ့မည် ဖြစ်ကာ ကင်ဂျုံအမ်း က ကိုရီးယား ကျွန်းဆွယ် နျူကလီးယား လုံးဝ ကင်းစင်ရေး အတွက် ထပ်မံ ကတိပြု ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.