Connect with us

Asia

တိုက်ပွဲများအတွင်း ပါကစ္စတန် စစ်သား ၂ဦး နှင့် အကြမ်းဖက်သမား ၄ဦး သေဆုံး

ပါကစ္စတန်စစ်သား တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistsn ပြည်နယ် တွင်ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ခု၌ အနည်းဆုံး စစ်သား ၂ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ် က စက်တင်ဘာ ၂၇ ရက် တွင် ပြောကြားခဲ့သည်။

Kalat ခရိုင် Manghochar ဧရိယာတွင် ပုန်းအောင်းနေသော အကြမ်းဖက်အုပ်စု တစ်ခုကို သတင်းပေးချက်အရ ဝင်ရောက်စီးနင်းခဲ့ရာ အခြားလုံခြုံရေး တပ်ဖွဲ့ဝင် ၂ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း စစ်တပ်ထုတ်ပြန်ချက်တွင်ပါရှိသည်။

အကြမ်းဖက်သမားများသည် Balochistsn ပြည်နယ် တွင် အဓိက အကြမ်းဖက်မှုလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန် စီစဉ်နေကြောင်း စစ်တပ်သတင်းထုတ်ပြန်ရေး ဌာနခွဲ ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်၌ စစ်ဆင်ရေးအတွင်း အကြမ်းဖက်သမား ၄ဦးသေဆုံးကြောင်း နှင့် အပြန်အလှန် ပစ်ခတ်မှုများကြောင့် စစ်သား ၂ဦးကျဆုံးကာ ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်းပါရှိသည်။

အသေခံဗုံးဝတ်စုံ ၂ခု၊ ဖောက်ခွဲရေးပစ္စည်းများ နှင့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးသည် စစ်သွေးကြွများ၏ စခန်းများ နှင့် ၎င်းတို့၏ ဒေသခံ စည်းရုံးရေးမှူးများကို ပစ်မှတ်ထား ချေမှုန်းနေသည့် အဓိက အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.