Connect with us

Asia

အာရှ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှုဘဏ်တွင် ပါဝင်ရေး ဖိလစ်ပိုင် လက်မှတ်ရေးထိုး

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီး မြှုပ်နှံမှုဘဏ် (AIIB) အမှတ်တံဆိပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁ ရက် (ဆင်ဟွာ)

အာရှ အခြေခံအဆောက်အဦ ရင်းနှီးမြှုပ်နှံမှု ဘဏ်၏ စာချုပ်ပါ သဘောတူညီမှု (Articles of Agreement= AOA) အား တရုတ်နိုင် ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် လက်မှတ် ရေးထိုးလိုက်ပြီး ယင်းဘဏ် တွင် ဖိလစ်ပိုင်သည် မူလတည်ထောင်သူ အဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်ဖြစ် လာကြောင်း ဘဏ္ဍာရေး ဝန်ကြီးက ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောသည်။

သံအမတ်ကြီး Erlinda F. Basilio က ဖိလစ်ပိုင် အစိုးရကိုယ်စား ပေကျင်းမြို့တွင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ် သည်။ AOA ၏ အဓိက ဖော်ပြချက်တွင် မူလအဖွဲ့ဝင် တစ်ဦးစီအတွက် ထည့်ဝင်ရမည့် ငွေကြေးဆိုင်ရာ ဝေစု၊ မူဝါဒ ချမှတ်ခြင်း စည်ကမ်းများ၊ အုပ်ချုပ်မှု တည်ဆောက်ပုံနှင့် ဘဏ်လုပ်ငန်းနှင့် လုပ်ငန်းလည်ပတ်ပုံစနစ် စသည်တို့ ပါဝင်သည်။

လက်ရှိအချိန်တွင် သဘောတူလက်မှတ်ရေးထိုးထားသည့် မူလတည်ထောင်သူအဖွဲ့ဝင်နိုင်ငံပေါင်း ၅၇ နိုင်ငံ ရှိပြီ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.